Local News

ပေါ်ဦးပေါ်ဖျား ဇီးသီးစျေးကွက်

Last Updated:

ဇီးသီးပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်ပြီး “ဇီးသီး” အများဆုံးထွက်ရှိသည့် ရာသီမှာဆောင်းရာသီ ဖြစ်ပါသည်။ “ဇီးသီး”ဟာဆိုရင် ရာသီစာဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးစားခွင့် မရှိဘဲ တစ်နှစ်တွင် တစ်ခါသာပေါ်လေ့ရှိသော ရာသီစာအသီးအနှံတစ်မျိုးဖြစ်ပါသည်။ “ဇီးသီး”တွင် ‌ရေဓာတ်များစွာပါဝင်ပြီး ချိုအေးသည့် အရသာရှိပြီး လူအများနှစ်သက်စွာ စားသုံးတတ်ကြပါသေးသည်။ “ဇီးသီး” အမျိုးပေါင်းများစွာရှိပြီး ဇီးချိုသီး၊ ဇီးချဉ်သီး၊ ဇီးပဲလှော်၊ ဇီးကြက်ဥဟူ၍ အမျိုးအစားများစွာရှိပြီး စလေနယ်တစ်ဝိုက်မှ ထွက်ရှိသော “ဇီးသီး”ကို  စလေဇီးသီးဟု၍ လူကြိုက်များလှပါသေးသည်။

“ဇီးသီး”တွင် လူသားတို့၏ ကျန်းမာ‌ရေးကို အကျိုးပြုစေသော ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါရှိသည့်အတွက် ဘေးဥပါဒ်ဖြစ်စေသော ကိုလက်စထရောလုံးဝမပါဝင်ပါ။ အဆီဓာတ်လုံးဝမပါဘဲ ကယ်လိုရီလုံလောက်စွာပါဝင်သည့်“ဇီးသီး”လတ်လတ်ဆတ်ဆတ်ကို စားသုံးသင့်ပါသည်။ “ဇီးသီး”တွင် လူတို့၏ ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ဆိုဒီယမ်၊ သံဓာတ်နှင့် အမျှင်ဓာတ်များစွာ ပါဝင်သည့်အတွက် ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာရောဂါ ဖြစ်ပွားမှုမှ ကာကွယ်စေခြင်း၊ နှလုံး၊ သွေးတိုးရောဂါတို့မှ ကာကွယ်စေခြင်း၊ ဦးနှောက်မှတ်ဉာဏ်စွမ်းအားကို ကျန်းမာတိုးတက်စေခြင်း၊ အမြင်အာရုံချို့တဲ့ခြင်းမှ ကာကွယ်စေခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့် မားစေခြင်း၊ ဆီးရွှင်စေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ဘားအံမြို့၊ ရေပေါ်ဈေးသို့ ဆောင်းရာသီအစပိုင်းတွင် ပေါ်ဦးပေါ်ဖျား ဇီးသီးများ ဈေးကွက်အတွင်း ရောင်းချလျက်ရှိပြီး စျေးနှုန်းများမှာ တစ်ပြည်လျှင်- ၃၅၀၀ ကျပ်၊ တစ်ဘူးလျှင်- ၅၀၀ ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Source: https://www.doca.gov.mm

Category: Local News