Local News

တောင်ငူမြို့၌ မြေဩဇာဈေးနှုန်းတည်ငြိမ်

Last Updated:

တောင်ငူမြို့တွင် ယူရီးယားလုံးကြီး ဓာတ်မြေဩဇာများဖြစ်သော နေရွက်လှေတံဆိပ်မှာ တစ်အိတ်လျှင် ၇၇၀၀၀ကျပ်၊ Good Luck တံဆိပ်မှာ ၇၈၀၀၀ကျပ်၊ Rainbow တံဆိပ်မှာ ၈၁၀၀၀ကျပ်၊ ရွှေကောမတ် 10:20:20 ကွန်ပေါင်းဓာတ်မြေဩဇာမှာ တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ 15:15:15 ကွန်ပေါင်းဓာတ်မြေဩဇာမှာ တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ဖြင့် ယခင်လအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။.

ယခင်မိုးစပါး စိုက်ပျိုးစဉ်ကာလက မြင်းပျံ၊ CP, MC, အာမို၊ ဩဘာ စသည့်ဓာတ်မြေဩဇာများမှာ အရောင်းသွက်ခဲ့ပါသည်။ ယခုအခါ မိုးစပါးစိုက်ပျိုးပြီးစီးပြီးဖြစ်ပါသဖြင့် ၎င်းမြေဩဇာများမှာ ဝယ်ယူမှုမရှိသလောက်ဖြစ်နေသဖြင့် ဓာတ်မြေဩဇာအရောင်းဆိုင်များက ဝယ်ယူသိုလှောင်ခြင်းမရှိသဖြင့် ပစ္စည်းပြတ်လပ်နေကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News