Local News

ပြည်ပကဝယ်ယူမှုများပြားသဖြင့် မန္တလေးဈေးကွက်တွင် ပဲကြီး အရောင်းအဝယ်ကောင်းလျက်ရှိ

Last Updated:

ပြည်ပကဝယ်ယူမှုများပြာသဖြင့် မန္တလေးဈေးကွက်တွင် ပဲကြီးအရောင်းအဝယ် ကောင်းလျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူးဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ယခုလက်ရှိတွင် ပဲကြီးကို အိန္ဒိယနိုင်ငံက ဝယ်ယူမှုများရှိလာကြောင်း၊ ပြည်တွင်း၌လည်း ပဲကြီးများအရောင်းအဝယ်ကောင်းလျက်ရှိကြောင်း၊ ထို့ကြောင့် မန္တလေးဈေးကွက်အတွင်၌ပါ ပဲကြီးကိုကုန်သည်များက ဝယ်ယူမှုများပြားလာခြင်းကြောင့် ပဲကြီးအရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

“ပဲကြီးတွေကို အခုလက်ရှိမှာ ပြည်ပကကော ပြည်တွင်းကပါဝယ်ယူမှုများလာတာကြောင့် အရင့်ကထက်ပိုပြီး အရောင်းအဝယ်ကောင်းနေတဲ့အနေအထားမှာရှိနေပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်တွင် ယနေ့(ဇွန်နဝါရီလ ၁၁)ရက်နေ့ ပေါက်ဈေးအရ ပဲကြီးဈေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေးရှိလာပြီး အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

“မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲကြီးကလဲ အရောင်းအဝယ်ဖြစ်နေတဲ့ ပဲအမျိုးအစားထဲမှာပါပါတယ်။ မန္တလေးဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ထဲမှာလဲ ပဲကြီးအရောင်းအဝယ်ပြန်ပြီးကောင်းနေပါတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News