Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၃-၁-၂၀၂၄) မှ (၇-၁-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၁၆၂.၀၀) တန်၊ တန်ဖိုး (၀.၀၇၁) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၂၉၁၂.၀၀) တန်၊ တန်ဖိုး (၁.၀၆၁) ဒေါ်လာသန်း၊ ဖရဲသီး (၂၀၇၉.၅၀) တန်၊ တန်ဖိုး (၀.၃၀၀) ဒေါ်လာသန်း၊ သခွားမွှေး (၅၇၆.၁၄၄) တန်၊ တန်ဖိုး (၀.၁၂၁) ဒေါ်လာသန်း၊ ကြံ (၇၃၅.၀၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ရှောက်ကောသီး (၁၂.၉၅၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ပဲယင်း (၁၃၅.၀၀) တန်၊ တန်ဖိုး (၀.၀၉၇) ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၂၆.၁၅၀) တန်၊ တန်ဖိုး (၀.၀၇၇) ဒေါ်လာသန်း၊ စွန်တာနီ (၂၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၄၇.၂၀) တန်၊ တန်ဖိုး (၀.၂၃၆) ဒေါ်လာသန်း၊ မြေပဲဆံ (၆၆.၀၀) တန်၊ တန်ဖိုး (၀.၀၇၃) ဒေါ်လာသန်း၊ နှမ်း (၆၄.၄၉၉) တန်၊ တန်ဖိုး (၀.၀၈၉) ဒေါ်လာသန်း၊ ကြက်သွန်နီ (၈၄.၀၀) တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း၊ ငရုတ်ဆော့ (၈.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ စက္ကူကြမ်း (၁၄.၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ကော်ဖီမစ် (၁၇.၀၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀) ဒေါ်လာ၊ တစ်သျှူးငှက်ပျော တစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၃၃၇၈၁၀) U ၊ တန်ဖိုး (၀.၀၄၈) ဒေါ် လာသန်း၊ စက္ကူလိပ် (၁၉.၅၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ကော်စေ့ (၃၃.၀၀) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ ဂျပ်ဖာ (၁၂၈.၈) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ ထွန်စက် (၅) U၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ ပီနံအိတ် (၅၂.၅၀) တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ ဓါတ်ဗူး (၁၄၃၀၀) U ၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ စောင် (၉၆.၅၀) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း၊ ပန်ကာ/Air Con (၇၃၂) U၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ မှင်ရည် (၃၃.၀၀) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၈၇.၀၀) တန်၊ တန်ဖိုး (၀.၀၆၀) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၁၇.၅၀) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ကုန်စုံ (၄၉၇.၇၀) တန်၊ (၇၁၃၉၃) U၊ (၈၀၃၂) PR၊ တန်ဖိုး (၀.၅၈၂) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၁၂၀၀၀၀၀) ကျပ်၊ ကုန်ပွ (၈၀၀၀၀၀) ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊  ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား  ဗန်းမော် - မိုးမောက်  (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်  လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း) -ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News