Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ(၇)ရက်ထိကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ ဇန်နဝါရီလ (၇) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန် (၇.၈၇၁) ဒေါ်လာသန်း၊ သွင်းကုန်(၀.၄၃၂)ဒေါ်လာသန်း၊စုစုပေါင်း (၈.၃၀၃) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၂.၅၇၉%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇန်နဝါရီလ (၇)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရွှေဖရုံသီး၊မြေပဲဆံ၊ငရုတ်သီးနှင့် ိိနှမ်းနက်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၁၄၅၀) တန်၊ တန်ဖိုး(၇.၄၅၇) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၅၀) တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ မြေပဲဆံတင်ပို့မှုအနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး(၀.၀၃၇)ဒေါ်လာသန်း၊  နှမ်းနက်တင်ပို့မှုအနေဖြင့် တန်ချိန် (၂၀၂) တန်၊ တန်ဖိုး(၀.၂၇၉) ဒေါ်လာသန်းနှင့် ရွှေဖရုံသီးတန်ချိန်(၈၀)တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၂၅) တန်၊ တန်ဖိုး(၀.၀၈၈)ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၁၇၂) တန်၊ တန်ဖိုး (၀.၁၃၄) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၃၄၈) တန်၊ တန်ဖိုး(၀.၂၁၀)ဒေါ်လာသန်းတို့တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။ 

Source: https://commerce.gov.mm

Category: Local News