Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

    ဇွန်လ ဒုတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံ များထဲမှ မတ်ပဲ၊ ပဲတီစိမ်းသေး၊ ပဲနီလုံးကြားဈေးငြိမ်၍ ပဲတီစိမ်းကြီး ဈေးနှုန်းကျဆင်းသွားပြီး၊ ဂျုံဖြူသန့်၊ ပဲစဉ်းငုံ၊ ပဲနီလုံးရိုးရိုး၊ Cp ပြောင်းဖူးစေ့၊ ပဲကြီး၊ 929၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး ဈေးနှုန်းများ မြင့်တက် သွားသည်။ ဇွန်လ ဒုတိယပတ်တွင် သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀) ကျပ်၊ ပဲစဉ်းငုံ (၁၀၄၀၀၀)ကျပ်၊ မတ်ပဲ (၇၇၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၅၈၀၀၀-၄၄၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀-၅၁၀၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင်  (၉၅၅၀၀) ကျပ် ပေါက်ဈေးရှိသည်။ ယခင်ပတ်တွင် ကာလတူပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၀၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၁၀၁၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၆၁၀၀၀-၄၇၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၅၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၅၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၉၂၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများ နှိုင်းယှဉ် ပါက မတ်ပဲ၊ ပဲတီစိမ်းသေး၊ ပဲနီလုံးကြား  ဈေးငြိမ်၍ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၃၀၀၀)ကျပ်နှုန်းကျဆင်းသွားပြီး၊ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၃၅၀၀) ကျပ် နှင့် ပဲနီလုံးရိုးရိုး တစ်တင်း လျှင် (၁၀၀၀)ကျပ် မြင့်တက်နေကြောင်း သိရသည်။

    ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၉၁၅၀၀) ကျပ်၊ ကုလားပဲဖြူလုံး သေး (၉၁၅၀၀) ကျပ်၊ 929  (၉၀၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလား ပဲဖြူလုံးကြီး တစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၇၀၀၀)ကျပ်၊ 929  (၈၄၅၀၀) ကျပ်ပေါက် ဈေးရှိ၍ ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929 တစ်တင်းလျှင် (၆၀၀၀) ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၄၅၀၀) ကျပ်နှင့် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၄၅၀၀)ကျပ်ဈေးနှုန်းများ မြင့်တက် သွားကြောင်း သိရသည်။ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၇၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်အပတ်ကာလ တူ ပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၆၀၀) ကျပ်ရှိ၍ ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ ဈေးအနည်းငယ် မြင့်တက်သွားကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News