Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

    ဇွန်လ ဒုတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံ များ၏ ဈေးကွက်အခြေအနေမှာ  နှမ်းနက်၊ နှမ်းညိုနှင့် မြေပဲလုံးဆံနီ ဈေးနှုန်းများ ဈေးငြိမ်ပြီး အနည်းငယ် ကျဆင်းနေပြီး မြေပဲလုံးဆံဖြူ၊ နှမ်းဖြူ ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေကြောင်း သိရသည်။ ယခုပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ (သ/ဟ) တစ်တင်းလျှင် (၁၁၇၀၀၀-၁၁၅၀၀၀)ကျပ်၊ နှမ်းနက် (သ/ဟ) တစ်တင်းလျှင် (၁၀၈၀၀၀-၁၀၀၀၀၀)ကျပ်ရှိပြီး ယခင် ပတ် ကာလတူပေါက်ဈေးနှုန်းမှာ  နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၁၀၈၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါကနှမ်းညိုနှင့်နှမ်း နက်ဈေးငြိမ်နေပြီး၊နှမ်းဖြူ တစ်တင်းလျှင် (၄၀၀)ကျပ်ဈေးနှုန်း မြင့်တက်သွားကြောင်းသိရသည်။

        ယခုပတ်တွင် မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့်ဆီဈေးနှုန်းများမှာ မြေပဲလုံး ဆံနီ တစ်ပိဿာ (၈၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀-၆၅၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်ရှိ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ ဈေးငြိမ်နေပြီး မြေပဲလုံးဆံဖြူ အနည်းငယ် မြင့်တက်သွားကြောင်းသိရသည်။ ယခုပတ် ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၃၀၀၀ ကျပ် ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၁၅၀၀ကျပ်ထိ ပေါက်ဈေးရှိပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News