Local News

ယခုဘဏ္ဍာနှစ် မေလကုန်အထိ ပဲမျိုးစုံပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၀ ဒသမ ၈၇ သန်းဖိုး တင်ပို့ရောင်းချပေးခဲ့

Last Updated:

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မေလကုန်ထိ ပဲမျိုးစုံပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၀ ဒသမ ၈၇ သန်းဖိုး နိုင်ငံခြားဝင်ငွေရရှိခဲ့ပြီး မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံကိုအများဆုံး  တင်ပို့ရောင်းချပေးခဲ့ရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများ အရ သိရသည်။

          ထိုသို့ တင်ပို့ရောင်းချ‌ပေးရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကုန်ဒေါ်လာ ၂၁၂ ဒသမ ၅၀၅ သန်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၃၆၅ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၀ ဒသမ ၈၇ သန်းဖိုး တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          ထိုသို့ တင်ပို့ရောင်းချပေးခဲ့ရာတွင် မတ်ပဲကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၁၄၁ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၅၂ သန်းစုစုပေါင်း အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၉၉၃ သန်းဖြင့် အမျာဆုံးတင်ပို့ရောင်ချပေးခဲ့ပြီး ပဲတီစိမ်းကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်း ကြောင်းမှ အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၀၈၈ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၅၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၆၃၉ သန်းဖြင့် ဒုတိယအများဆုံးတင်ပို့ရောင်ချပေးခဲ့ရသည်။

          ပဲစင်းငုံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့နိုင်ခြင်းမရှိသော်လည်း ပင်လယ် ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၀၇၆ သန်းဖြင့် တတိယအများဆုံးတင်ပို့ရောင်းချပေးခဲ့ရသည်။

          အဆိုပါ ကာလအတွင်းတွင် ပဲတီစိမ်းလုံးခြမ်းများကို တင်ပို့ရောင်းချခြင်းမရှိကြောင်း၊ ကုလားပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်စေ့များကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှသာ တင်ပို့ရောင်းချပေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များမှ တင်ပို့ရောင်းချပေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့ရောင်းချပေးမှု မရှိကြောင်း၊ ထို့အတူ ပဲနီကျား၊ နိုင်လွန်ပဲများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်း ကြောင်းမှ တင်ပို့ရောင်းချခြင်းမရှိဘဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှသာ တင်ပို့ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News