International News

ဗီယက်နမ်နိုင်ငံ၌ သစ်သီးများ အွန်လိုင်းမှတိုက်ရိုက်ရောင်းချခြင်း ဖွံ့ဖြိုးတိုးတက်လာ

Last Updated:

                  ဗီယက်နမ်နိုင်ငံ၌ လတ်ဆတ်သော သစ်သီးဝလံနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အွန်လိုင်းမှ တိုက်ရိုက်ရောင်းချခြင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်ဖွယ်ရှိပြီး၊ နိုင်ငံ၏  e-commerce ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အအုံအား တိုးတက်ကောင်းမွန်လာစေရေးအတွက် မွမ်းမံမှုများဆောင်ရွက်ရန် တိုက်တွန်းလျက်ရှိကြောင်း ကျွမ်းကျင်သူများ ၏ ခန့်မှန်းချက်ကို ကိုးကား၍ ဒေသတွင်းသတင်းစာဖြစ်သည့် Vietnam News က ဇူလိုင် ၁၀ ရက်၌ သတင်းဖော်ပြထားသည်။

          အွန်လိုင်းမှတိုက်ရိုက်ရောင်းချခြင်းမှတစ်ဆင့် ဖောက်သည်များအား ကုန်ပစ္စည်းဝယ်ယူရန် ဆွဲဆောင်ရာတွင် စီးပွားရေးလုပ်ငန်းနှင့် စတိုးဆိုင်အများစုက စျေးနှုန်းများလျှော့ချခြင်း၊ ကုန်ပစ္စည်းအရည်အသွေးနိမ့်သည်ကို တွေ့ရှိပါက ကုန်ပစ္စည်းများ ပြန်လည်လဲခွင့်ပြုခြင်းနှင့် ငွေပြန်အမ်းခြင်းစသည့် ဝန်ဆောင်မှုများပေးထားကြောင်း ယင်းသတင်းစာတွင် ဖော်ပြထား သည်။ e-commerce ကျွမ်းကျင်ပညာရှင် Do Quang Huy က အွန်လိုင်းအရောင်းမြှင့်တင်ခြင်းသည် ခိုင်မာသောရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်သင့်သည့် ခေတ်ရေစီးကြောင်းတစ်ခုဖြစ်သော်လည်း လတ်ဆတ်သော စိုက်ပျိုးရေးထွက်ကုန်များကို အလျင်မြန်ဆုံးပို့ဆောင်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

         ပြန်လည်ပေးပို့သော ကုန်ပစ္စည်းများသည် ပျက်စီးမှုများကြောင့် စွန့်ပစ်ရနိုင်ကြောင်းနှင့် e-commerce ၏ လိုအပ်သော ထောက်ပံ့သယ်ပို့ရေး အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်လာစေရေးကလည်း အရေးကြီးကြောင်း အဆိုပါပညာရှင်က အလေးပေးပြောကြားခဲ့သည်။ 

Source: https://xinhuamyanmar.com

Category: International News