Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၃-၇-၂၀၂၃ မှ ၇-၇-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2022 Crop) ကျပ် ၂၂၇၀၀၀၀ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၂၅၀၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကျပ် ၃၂၀၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2022 Crop) ကျပ် ၆၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကျပ် ၅၀၀၀၀ ၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၇၀၀၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၆၀ လုံး (တန်ချိန် ၁၄၄၀) နှင့် မတ်ပဲ SQ/RC  (2022 Crop) ကွန်တိန်နာ ၅ လုံး ( တန်ချိန် ၁၂၀) စုစုပေါင်း ကွန်တိန်နာ ၆၅ လုံး (တန်ချိန် ၁၅၆၀)  ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ ၂၅ လုံး (တန်ချိန် ၆၀၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက် မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၃၅ လုံး ( တန်ချိန် ၈၄၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၄၀၀၀၊ မြှားနီ ကျပ် ၁၄၀၀၀၊ မိုးထောင် (ဒီမွန်) ကျပ် ၁၃၀၀၀၊ အိမ်မဲ ကျပ် ၁၃၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၇၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အိမ်မဲ ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်ငရုတ် အမျိုးအစားများ ဈေးငြိမ် လျက်ရှိသည်။ ယခင်အပတ်ကကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၁၇၀၀ (၃၄၀၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၉၀၀ (၃၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ငရုတ်ရှည် အိတ်ပေါင်း ၂၀၀ (၄၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။

မန်ကျည်း

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၄၀၀၊ မန်ကျည်း အသား (သစ်) ကျပ် ၂၄၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းဈေးများ ငြိမ်လျက်ရှိကြောင်း သိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင် (ဒုံး) ကျပ် ၃၀၀၀၊ ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၃၃၅၀၊ ပခုက္ကူကြမ်း ကျပ် ၂၉၅၀၊ ရေစကြိုထန်းလျက် (ချော) ကျပ် ၃၄၀၀၊ ကြံသကာ (စစ်) ကျပ် ၂၄၅၀ နှင့် သကြား (ပြည်တွင်း) ကျပ် ၃၂၇၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၅၀ ဈေးကျဆင်းခဲ့ပြီး ကြံသကာ (စစ်) ကျပ် ၅၀ ဈေးမြင့်တက်ခဲ့ပါသည်။ ကျန်အမျိုးအစားများ ဈေးငြိမ်လျက် ရှိကြောင်းသိရသည်။

Category: Local News