Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၇ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၉၉၇၆၉၈.၈၉ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၁၂၅၇၈၉၂.၄၃ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ မြေထောက်ပဲ၊ ပဲတီစိမ်းနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရှိရပါ သည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၃၂၇၆၂၇.၇၇ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၆၇၀၀၇၁.၁၂ ဒေါ်လာ တင်ပို့မှုရှိခဲ့ ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ဓါတ်မြေသြဇာများ၊ ချည်ထည်များ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲ ယာဉ်နှင့် အခြားယာဉ်များ၊ ဓါတုဗေဒချည်ခင်များ၊ ဆေးဝါး ပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၅၃၀၈၉၉.၃၇ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၇၂၆၉၉၃.၀၆ တင်သွင်းမှု ရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၇ ရက်နေ့ထိ တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ဆန်မာ(၅၀) ကီလိုတစ်အိတ်လျှင် (၁၈၀)ယွမ်၊ ဆန်ပျော့ (၅၀) ကီလို တစ်အိတ်လျှင် (၁၆၀) ယွမ် စျေးရှိပြီး၊  မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ် ယွမ် ၀.၃၄၄ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၀.၆၉ ကျပ် ရှိကြောင်း သိရှိရပါသည်။

Category: Local News