Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၇ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ မြေထောက်ပဲ၊ ပဲတီစိမ်းနှင့် ဆန်ကွဲများ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၉၉၇၆၉၈.၈၉၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်နေ့ ထိ တင်ပို့ကုန်၏ ငွေပမာဏ ၆၉၆၁၄၈.၆၁၀ ကန်ဒေါ်လာ နှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၀၁၅၅၀.၂၈၀ ကန်ဒေါ် လာတန်ဖိုး ပိုမို၍ တင်ပို့မှုရှိခဲ့သည်ကိုတွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၇ ရက်နေ့အတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ဓါတ်မြေသြဇာများ၊ ချည်ထည်များ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ ဓါတုဗေဒချည်ခင်များ၊ ဆေးဝါးပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၁၂၅၇၈၉၂.၄၃၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၉၆၄၆၃၆.၂၉၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၂၉၃၂၅၆.၁၄၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၂၆၀၁၉၃.၅၄၀ ကန်ဒေါ်လာ တန်ဖိုး လျော့နည်းပြီး ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှု စာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၄ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၀.၆၉ ကျပ်ရှိကြောင်းသိရှိရပါသည်။

Category: Local News