Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန် ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၆-၈-၂၀၂၃ မှ ၁-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း(၄၈၇) တန်၊ တန်ဖိုး (၀.၁၄၆) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၂၇) တန်၊ တန်ဖိုး (၀.၂၆၀)ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၄) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ရာဘာစေး (၄၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ ဆေးရွက်ကြီး (၃၂) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၀.၅၀၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ဖြစ်သော ပြောင်းသည် ဩဂုတ်လ(၃၁) ရက်တွင် ထိုင်းနိုင်ငံမှနှစ်စဉ်ပေးသည့် အခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီဖြစ်၍ ပြောင်းတင်ပို့မှု လျော့နည်းပြီး ကြက်သွန်ဖြူ/ကြက်သွန်နီ တင်ပို့မှု ယခင်ထက် ပိုမိုလာကြောင်း တွေ့ရှိရပါသည်။

ကြက်သွန်ဖြူ ၁ ကီလိုလျှင် (၁၂.၃) ဘတ်ခန့် ကြက်သွန်နီ ၁ ကီလိုလျှင် (၂၀) ဘတ်ခန့် ဈေးရှိကြောင်းသိရှိရပြီး ပို့ကုန်လိုင်စင် လျှောက်ထားရယူခြင်း၊ ပို့ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR Code) လျှောက်ထားရယူခြင်း၊ ED ဖွင့်လှစ်ဆောင်ရွက်ခြင်းများပြုလုပ်၍ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ထိုင်းနိုင်ငံသို့ မယ်ဆိုင်မြို့သို့ တင်ပို့လျက်ရှိပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၄၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဘိလပ်မြေ (၀.၃၁၀) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး လု်ပငန်းသုံးပစ္စည်းများ(၀.၀၀၃) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၂၇၈၂) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၂၆) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း (၀.၁၂၃) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၅၃) ဒေါ်လာသန်း၊ သုတ်ဆေး/ပေါလစ်များ (၀.၀၀၅) ဒေါ်လာ သန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၈) ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၀၆) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၀.၉၆၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် ဒီဇယ်ဆီ တစ်တန်လျှင် (၉၇၆)ဒေါ်လာ၊ ဓါတ်ဆီတစ်တန်လျှင်(၁၀၃၅ၐ) ဒေါ်လာဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News