Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၉-၈-၂၀၂၃) ရက်နေ့မှ (၁-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ပြောင်း၊ ငရုတ်၊ ဂေါ်ဖီ၊ နှမ်း၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်နှင့် ‌ရေထွက်ပစ္စည်းများဖြစ်သည့် ဂဏန်းနှင့် ငါးကြင်းဆီဖောင်းတို့ကို တင်ပို့ခဲ့ပါသည်။(၂၉-၈-၂၀၂၃) ရက်နေ့မှ (၁-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပြောင်း၊ ငရုတ်နှင့် ကြက်သွန်နီတို့ဖြစ်ပါသည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအားမြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့်  ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လို်င်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစီးပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(၂၉-၈-၂၀၂၃) ရက်နေ့မှ (၁-၉-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စက်ဘီးအပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊  ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ ယာဉ်ယန္တရား၊ အိမ်သုတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ GARMENT ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊  အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဓါတ်မြေသြဇာနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။ (၂၉-၈-၂၀၂၃) ရက်နေ့မှ (၁-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အဝတ်အထည်၊ GARMENT ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံ၊ လူသုံးကုန်ပစ္စည်းနှင့် ဓါတ်မြေသြဇာတို့ ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၄.၁၁)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၄.၁၆) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် မြင့်တက်ခဲ့ပါသည်။

(၂၆-၈-၂၀၂၃ မှ ၁-၉-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပြောင်း (၁)တန်လျှင် ပျမ်းမျှ (၂၇၈.၉၂၇)‌ဒေါ်လာဖြင့် (၁၃၀၈၅.၈၆၀)တန် (၃.၆၅၀)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၅၅၅.၇၄၆) ဒေါ်လာဖြင့် (၁၄၅၃.၉)တန်  (၀.၈၀၈) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁)ယူနစ်လျှင် (၁၃.၁၆၆) ဒေါ်လာဖြင့် (၉၂၆၆) U (၀.၁၂၂)‌ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၈၃.၁၃၂) ဒေါ်လာဖြင့် (၈၁.၉၉၀)တန် (၀.၁၃၈)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၂၈.၁၃၂) ဒေါ်လာဖြင့် (၃၂၂.၃၃၀)တန် (၀.၁၃၈)ဒေါ်လာသန်း၊ ကွမ်းသီး (၁)တန်လျှင် (၁၄၉၂.၈၅၇) ‌ဒေါ်လာဖြင့် (၁၄၀.၀၀၀)တန် (၀.၂၀၉)ဒေါ်လာသန်း၊ နှမ်းဖြူ (၁)တန်လျှင် (၁၈၀၀)‌ ဒေါ်လာဖြင့် (၃၀.၀၀၀)တန် (၀.၀၅၄) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၀) ဒေါ်လာဖြင့် (၁၄၀.၀၀) တန် (၀.၀၂၈) ဒေါ်လာ သန်း၊ ဂဏန်း (၁)တန်လျှင် (၉၅၂.၃၈၀) ဒေါ်လာဖြင့် (၄.၂၀၀) တန် (၀.၀၀၄) ဒေါ်လာသန်းနှင့် အခြား ရေထွက်ပစ္စည်း (၁)တန်လျှင် (၃၅၂၉.၄၁၁)‌ ဒေါ်လာဖြင့် (၂.၅၅၀) တန် (၀.၀၀၉) ဒေါ်လာသန်း တို့ဖြစ်ပါ သည်။

(၂၆-၈-၂၀၂၃ မှ ၁-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၃၃၅) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၁.၅၁၁) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၅၄၂) ဒေါ်လာသန်း၊ စက်နှင့် စက်အပိုပစ္စည်းများ (၀.၅၁၅) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၄၇၉) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၃၅၅) ‌ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်းများ (၀.၃၅၁) ဒေါ်လာသန်း၊ ချည်ထည်များ (၀.၃၄၇) ဒေါ်လာသန်း၊ တယ်လီဖုန်း နှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၃၄၅) ဒေါ်လာသန်း၊  အခြားစက္ကူများ (၀.၆၂၂) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၆.၀၉၀) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၄၂.၇၆၂) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၅၈.၈၅၂) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News