International News

ဘရာဇီးနိုင်ငံမှ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှု ယခုနှစ်တွင် နှစ်ဆကျော်မြင့်တင်လာ

Last Updated:

ဘရာဇီးနိုင်ငံမှ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့ရောင်းချမှုသည့် ယခုနှစ်ပထမကိုးလအတွင်း တစ်နှစ်ထက်တစ်နှစ် ၁၃၂ ဒသမ ၄၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကော်ဖီတင်ပို့သူများကောင်စီက အောက်တိုဘာလ ၁၀ ရက်တွင် ပြောသည်။

ဘရာဇီးနိုင်ငံသည် တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုတွင် ယခင်နှစ်က ၆၀ ကီလိုဂရမ်ရှိသည့် ကော်ဖီအိတ် ၂၈၇၈၈၉ အိတ်သာ တင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်တွင် ၆၆၉၂၉၂ အိတ် တင်ပို့နိုင်ခဲ့ကြောင်း ကော်ဖီတင်ပို့သူများကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ဘရာဇီးနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံများအနက် တရုတ်နိုင်ငံသည် ထိပ်တန်းနိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေကြောင်း အဆိုပါအဖွဲ့က ပြောသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: International News