Local News

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၆-၁၂-၂၀၂၃ မှ ၁၀-၁၂-၂၀၂၃ ရက်နေ့အတွင်း ဆန် (၁၂၉.၀၀) တန်၊ တန်ဖိုး (၀.၀၇၃) ဒေါ်လာသန်း၊ ပြောင်း (၄၈၁.၀၀) တန်၊ တန်ဖိုး (၀.၁၂၄) ဒေါ်လာ သန်း၊ ရော်ဘာ (၄၉၅.၀၀) တန်၊ တန်ဖိုး (၀.၆၈၈) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၄၁၆.၀၀) တန်၊ တန်ဖိုး (၀.၁၅၁) ဒေါ်လာသန်း၊ ဖရဲသီး (၅၉၀.၅၀) တန်၊ တန်ဖိုး (၀.၀၈၅) ဒေါ်လာသန်း၊ သခွားမွှေး (၂၆၂.၀၀) တန်၊ တန်ဖိုး (၀.၀၅၅) ဒေါ်လာသန်း၊ ကြံ (၁၆၅.၀၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်းနှင့် ရှောင်ကောသီး (၁၀.၀၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

သွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၅၀၀၂၄၀) ခု၊ တန်ဖိုး (၀.၀၆၄) ဒေါ်လာသန်း၊ စက္ကူလိပ် (၄၆.၀၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ကော်စေ့ (၉.၃၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ထွန်စက် (၃) စီး ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ အိတ် (၅.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ချည် (၁၂၆.၉၀) တန်၊ တန်ဖိုး (၀.၀၇၇) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊ မြက်ခင်းတု (၇.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၄.၀၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ကြက်အူချောင်း (၁၄.၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ စောင် (၂၃.၄၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ သံခွေ (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ သံချောင်း (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ဂျပ်စက္ကူ (၇၇.၀၀) တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊ ဖော့ (၃၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်းနှင့် ကုန်စုံ (၂၂၇.၂၀) တန်၊ (၂၇၇၁၃) ခု၊ တန်ဖိုး (၀.၂၀၅) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၁၀-၁၂-၂၀၂၃ ရက်နေ့တွင် (၁) ယွမ်လျှင် (၄၆၅) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

Source: (DOT လွယ်ဂျယ်)

Source: https://commerce.gov.mm

Category: Local News