Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၂-၁၂-၂၀၂၃ မှ ၈-၁၂-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ဂေါ်ဖီထုပ် (၁) တန်လျှင် (၂၁၀.၂၆၉) ဒေါ်လာဖြင့် (၈၁၈.၀၀၀) တန်၊ (၀.၁၇၂) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၂၀၉၁) ခု၊  (၀.၀၆၅) ဒေါ်လာသန်း၊ ငရုတ်သီး (စိမ်း) (အစို) (၁) တန်လျှင် (၃၇၈.၂၈၉) ဒေါ်လာဖြင့် (၇၁.၃၇၄) တန်၊ (၀.၀၂၇) ဒေါ်လာသန်း၊ ငရုတ်(ခြောက်) ၁ တန်လျှင် (၁၅၁၅.၁၅၂) ဒေါ်လာဖြင့် (၁၅.၈၄၀) တန်၊ (၀.၀၂၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁) တန်လျှင် (၇၅၀) ဒေါ်လာဖြင့် (၁၆.၀၀၀) တန်၊ (၀.၀၁၂) ဒေါ်လာသန်း၊ ငါးမျိုးစုံ (၁) တန်လျှင် (၁၀၄၁.၆၆၇) ဒေါ်လာဖြင့် (၂.၈၈) တန်၊ (၀.၀၀၃) ဒေါ်လာသန်းနှင့် ကဏန်း (၁) တန်လျှင် (၀.၀၁၂၂၂) ဒေါ်လာဖြင့် (၀.၁၂၀) တန်၊ (၀.၀၀၀၀၁) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

၂-၁၂-၂၀၂၃ မှ ၈-၁၂-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုး မှာ ချည်ထည်များ (၀.၈၆၉) ဒေါ်လာသန်း၊ လုပ်ငန်းသုံးသီးနှံဆီများ (၀.၁၅၃) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၁၃၉)‌ ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၁၂၅) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၈၇) ဒေါ်လာသန်း၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၈၄) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်းများ (၀.၀၇၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ  (၀.၀၄၉) ဒေါ်လာ သန်း၊  ရုပ်မြင်သံကြားစက်များ  (၀.၀၄၈)  ဒေါ်လာသန်းနှင့်  သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၀၄၀) ဒေါ်လာသန်းတို့ဖြစ်သည်။

ပြင်ပငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် တစ်ဘတ်လျှင် (၉၆.၆၂) ကျပ် ဖြစ်ကြောင်း သိရှိရသည်။

Source: (DOT မြဝတီ)

Source: https://commerce.gov.mm

Category: Local News