International News

မြန်မာနိုင်ငံမှ ပဲစင်းငုံ တန်ချိန် ၄ သိန်း၊ မတ်ပဲ တန်ချိန် ၁ သန်း အိန္ဒိယနိုင်ငံက ဝယ်ယူတင်သွင်းမည်

Last Updated:

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲ ဈေးမြင့်တက်နေသည်။ ယခုနှစ် ၎င်းပဲနှစ်မျိုးစလုံး အထွက်နည်းမည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရသည် ပဲစင်းငုံနှင့် မတ်ပဲတို့ကို ပြည်ပမှ တင်သွင်းပြီး ပြည်တွင်းဈေးကွက်ကို ဖြည့်တင်းမည်။ အိန္ဒိယအစိုးရသည် ဈေးနှုန်းမြင့်တက်နေသည်ကို ထိန်းရန်နှင့် ပြည်တွင်းဈေးကွက်တွင် လုံလောက်စွာ ရရှိနိုင်စေရန် မြန်မာနိုင်ငံမှ ပဲစင်းငုံ တန်ချိန် ၄၀၀,၀၀၀ နှင့် ပဲစင်းငုံတန်ချိန် ၁ သန်းခန့် တင်သွင်းရန်  စီစဉ်နေသည်။

ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်းများ မြင့်မားနေသဖြင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ ပဲစင်းငုံနှင့် မတ်ပဲတန်ချိန် ၄ သိန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအသုတ် တင်သွင်းရန် အစီအစဉ် ရေးဆွဲထားသည်။ The Economic Times သတင်းအရ အိန္ဒိယအစိုးရသည် ရိတ်သိမ်းဆဲကာလတွင် ပဲစင်းငုံနှင့် မတ်ပဲတို့ကို တင်သွင်းရန်ဆုံးဖြတ်ခဲ့သည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင်ထုတ်လုပ်မှု နည်းပါးမည်ဟု ခန့်မှန်းထားသည်။

ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ရည်ရွယ်ချက်ရှိရှိဖြင့် လှောင်ထားပြီး ဈေးကစားကြခြင်းကို တားဆီးရန် အစိုးရက သိုလှောင်မှု ပမာဏကို ၂၀၂၃ ခုန‌ှစ် ဇန်နဝါရီလမှစ၍ ဒီဇင်ဘာလကုန်အထိ အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည်။ အိန္ဒိယနိုင်ငံတွင် ဂျုံ၊ ဆန်၊ ကြက်သွန်နီ ဈေးနှုန်းများလည်း မြင့်တက်နေပါသည်။ 

Source: Economic Times

Source: https://www.foodindustrydirectory.com.mm

Category: International News