Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ( ၆ ) ရက်နေ့မှ ( ၁၀ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၂၃၉) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၄၄၄)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၆၈၃)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ( ၆ ) ရက်နေ့မှ ( ၁၀ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၁၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၂၃)သန်း၊ ဂျင်းခရု (အရှင်) (၁၅.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃၃)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၁.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၇)သန်း၊ ပုစွန်ငါးပိ (၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၁) သန်း၊ ဂဏန်း (အသေ) (၇.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၉)သန်း၊ ရေခူဆားနယ် (၁၃.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၆၈) သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၉)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၈၇)၊ ငှက်ပျောသီး (၅၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇)သန်း၊ ငရုတ်သီးစိမ်း (၇၁.၄၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၆၉)သန်း၊ တံမြက်စည်း (၄၉၈၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၁) သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၅၇.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၉၃) သန်း၊ ကျောက်ပြား (၁၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၃၂)သန်း၊ ကြွေပြားကပ်ကော်မှုန့် (၁၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၁)သန်း၊ ပုစွန်အစာ (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄၉) သန်း၊ ကြွေပြား (၂၄၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၉) သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၂၄၈.၂၅) ဒေါ်လာနှုန်း၊ (၁၁၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၂၃)သန်း၊ ဂျင်းခရု (အရှင်) (၁၅၄၃.၀၅) ဒေါ်လာနှုန်း၊ (၁၅.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃၃) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၀၀) ဒေါ်လာနှုန်း၊ (၁.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၇) သန်း၊ ပုစွန်ငါးပိ (၁၇၆၂.၅) ဒေါ်လာနှုန်း၊ (၈) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၁) သန်း၊ ဂဏန်း (အသေ) (၁၂၁၆.၂၂) ဒေါ်လာ နှုန်း၊ (၇.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉) သန်း၊ ရေခူဆားနယ် (၁၉၄၂.၀၃) ဒေါ်လာနှုန်း၊ (၁၃.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၆၈) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၇၇၇.၇၈) ဒေါ်လာနှုန်း၊ (၀.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၇) သန်း၊ ငှက်ပျောသီး (၃၀၉.၀၉) ဒေါ်လာနှုန်း၊ (၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇)သန်း၊ ငရုတ်သီးစိမ်း (၇၉၆.၀၃) ဒေါ်လာနှုန်း၊ (၇၁.၄၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၆၉)သန်း၊ တံမြက်စည်း (၁)ချောင်းလျှင် (၀.၂၀၃) ဒေါ်လာနှုန်း၊ (၄၉၈၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၁)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၃၃၅.၆၅) ဒေါ်လာနှုန်း၊ (၅၇.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၉၃) သန်း၊ ကျောက်ပြား (၂၀၀) ဒေါ်လာနှုန်း၊ (၁၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၂)သန်း၊ ကြွေပြားကပ်ကော်မှုန့် (၇၃.၃၃) ဒေါ်လာနှုန်း၊ (၁၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၁)သန်း၊ ပုစွန်အစာ (၂၉၈) ဒေါ်လာနှုန်း၊ (၅၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၉)သန်း၊ ကြွေပြား (၁)M2 လျှင် (၂.၄၆) ဒေါ်လာနှုန်း၊ (၂၄၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၉)သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၀-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင်ဘတ် (၁၀၃၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၇.၀၉) ကျပ်ခန့်ရှိပါကြောင်း နှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News