Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပို့ကုန်တန်ချိန်(၅၁၆၆)၊ တန်ဖိုး အမေရိကန် (၁)တန်စျေးနှုန်း (၇၉၀) အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်းငါးတန်ချိန် (၈.၂၈၀)၊ တန်ဖိုး တန်ဖိုးအမေရိကန်ဒေါ်လာ (၅၇၄၁၃.၂၅)၊ (၁)တန် စျေးနှုန်း(၇၉၀) အမေရိကန်ဒေါ်လာ၊ ကုလားကုတ်ငါး တန်ချိန် (၂.၁၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၃၆၉.၆၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ ဒေါ်လာ၊ ငါးပါကင် တန်ချိန်(၂၂၈.၉၇၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၄၂၅၁.၁၀၀)၊ (၁)တန်စျေးနှုန်း (၆၃၀) အမေရိကန်ဒေါ်လာ၊ ကင်းမွန် တန်ချိန် (၄၉.၇၃၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၂၃၅၀.၅၆)၊ (၁)တန်စျေးနှုန်း (၂၄၆၀) အမေရိကန်ဒေါ်လာ၊ ကဏန်းတန်ချိန် (၇.၁၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၆၉၆.၈၀၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာဒီဇယ်ဆီတန်ချိန်(၃၀၀)တန်၊ တန်ဖိုးအမေရိ ကန် ဒေါ်လာ(၂၄၆၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၈၂၀) အမေရိကန်ဒေါ်လာ၊ ဓါတ်ဆီတန်ချိန် (၂၀)တန်၊ တန်ဖိုး (၁၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၆၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၈၈၈.၈၈) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့်တန်ချိန် (၂၇၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း (၅၂၂.၂၂) (၂၀၀၀) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၁၁-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ်(၁)သိန်းလျှင် (၁၀၂၅.၆၄)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၇.၅) ကျပ်ခန့်(၁၀-၁၂-၂၀၂၃) ရက်နေ့နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News