Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၉-၂-၂၀၂၄ မှ ၁၂-၂-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၅၀၀၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၇၇၀၀၀၀ နှင့်  ပဲစင်းငုံ Red/RC (2024 Crop) ကျပ် ၄၁၉၇၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲFAQ/ RC(2024Crop) ကျပ် ၂၀၀၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၂၄၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၁၅၂၀၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၅၅လုံး (တန်ချိန် ၁၃၂၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၁၁၅ လုံး (တန်ချိန် ၂၇၆၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၈၅လုံး (တန်ချိန် ၂၀၄၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀) ပိုမို ဝင် ရောက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၁၁၀လုံး(တန်ချိန် ၂၆၄၀) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီ ကျပ် ၁၁၅၀၀၊ ရှမ်းငရုတ်ရှည် ကျပ် ၉၀၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီ ကျပ် ၅၀၀ ပန်းရဲငရုတ်(သစ်) AC ကျပ် ၅၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၅၀၀ ဈေးကျဆင်းခဲ့သည်။ ကျန် ငရုတ်သီးမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၃၉၀၀( ၇၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၄၅၀ ( ၆၇၅၀ ပိဿာ)  ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၄၃၀၀(၈၆၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၇၅၀  (၁၁၂၅၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၄၀၀ (၈၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀၀(၄၅၀၀ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်းသီး

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၄၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၂၉၀၀၊ မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၂၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးဈေးများ ငြိမ်လျက်ရှိကြောင်း သိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိ      ဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၇၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၂၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၉၀၀၊ ကြံသကာ ကျပ် ၄၀၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၃၉၃၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၁၅၀၊ ကြံသကာ ကျပ် ၁၀၀၊ သကြား(ပြည်တွင်း) ကျပ် ၄၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀၀ နှင့် ရေစကြိုထန်းလျက် (ချော) ကျပ် ၅၀၀ ဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားမှာ ဈေးများငြိမ်လျက်ရှိသည်။                             

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၀၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၀၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၆၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၁၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၂၇၀၀၊ မြစ်သားလတ်ကြီး ကျပ် ၂၆၀၀၊ မြစ်သားလတ်သန့် ကျပ် ၂၅၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၁၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၂၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၃၀၀၊ ဆိပ်ဖြူ လတ်ချော ကျပ် ၂၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၆၅ စီး(၉၉၀၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၅၀ စီး (၉၀၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၅ စီး (၉၀၀၀၀ ပိဿာ)လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။  

ကြက်သွန်ဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ်  ကျပ် ၉၂၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၅၈၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၆၂၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၆၇၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၇၀၀၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၅၅၀၀ (၁၆၅၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၄၃၀၀ (၁၂၉၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၁၂၀၀ ( ၃၆၀၀၀ ပိဿာ)လျော့နည်းဝင် ရောက်ခဲ့ကြောင်းသိရ သည်။   

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

 

Category: Local News