Local News

ပို့ကုန်ပဲများစျေးတက်

Last Updated:

မကွေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးကြပြီး ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲအစရှိသည့်ပဲများကို အဓိကစိုက်ပျိုးကြပါသည်။ ပို့ကုန်ပဲများမှာ တရုတ်နှင့်အိန္ဒိယမှဝယ်လိုအားကြောင့် အမြင့်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကျန်ပဲများဖြစ်သည့် ပြည်တွင်းသုံးပဲများမှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး စျေးငြိမ်လျှက်ရှိပါသည်။ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းခွင့်ကို ၂၀၂၅ခုနှစ်၊ မတ်လအထိတိုးမြှင့်ထားခြင်းကြောင့် နောက်တွင်စျေးမြင့်လာ နိုင်သည်ဟုယူဆကြ၍ လှောင်လက်များမှအဝယ်များလာကာ စျေးတက်လာခြင်းဖြစ်ပါသည်။

ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံသီးနှံအနေဖြင့် ပေါ်စမှာပင်စျေးကောင်းရနေပြီး ယခုအချိန်တွင် ပေါ်စထက်စျေးပိုရနေကာ မတ်ပဲနှင့်ပဲတီစိမ်းမှာလည်း အလားတူစျေးကောင်းရနေပါသည်။ ပဲစင်းငုံ (၂၀) ပိသာတစ်တင်းလျှင် ဒီဇင်ဘာလတွင် ကျပ်(၉၀၀၀၀)ကျော်၊ ဇန်နဝါရီလတွင် ကျပ်(၁၀၀၀၀၀) ကျော်၊ ဖေဖော်ဝါရီလဆန်းတွင် ကျပ်(၁၃၀၀၀၀)ကျော်ထိ အမြင့်ဆုံးစျေးဖြင့် အရောင်းအဝယ်ဖြစ်တဲ့ အတွက် တစ်တင်းလျှင် ကျပ်(၁၀၀၀၀)သောင်းကျော် စျေးမြင့်တက်လာပါသည်။

မတ်ပဲ(၂၀)ပိသာတစ်တင်းလျှင် ဒီဇင်ဘာလတွင် ကျပ်(၉၀၀၀၀)ကျော်၊ ဇန်နဝါရီလတွင် ကျပ်(၉၅၀၀၀)ကျော်၊ ဖေ‌ဖော်ဝါရီလဆန်းတွင် ကျပ်(၁၀၀၀၀၀)ကျော်စျေးဖြင့် အရောင်းအဝယ်ဖြစ် တဲ့အတွက် တစ်တင်းလျှင် ကျပ်(၁၀၀၀၀)သောင်းကျော် စျေးမြင့်တက်လာပါသည်။

ပဲတီစိမ်း(၂၀)ပိသာတစ်တင်းလျှင် ဒီဇင်ဘာလတွင် ကျပ်(၆၀၀၀၀)ကျော်၊ ဇန်နဝါရီလတွင် ကျပ်(၇၀၀၀၀)၊ ဖေဖော်ဝါရီလဆန်းတွင် ကျပ်(၇၈၀၀၀)စျေးဖြင့် အရောင်းအဝယ်ဖြစ်တဲ့အတွက် တစ်တင်းလျှင် ကျပ်(၁၀၀၀၀)သောင်းကျော် အသီးသီးစျေးမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News