Local News

စစ်ကိုင်းတိုင်းတွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Last Updated:

          စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်တို့တွင် စပါး/ဆန်းဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေ ကြောင်းသိရသည်။

         ၂၀၂၃ ခုနှစ်၊ ဇွန်လ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း (စပါး)  တင်း ၁၀၀ လျှင် ကျပ် (၂၉၀၀,၀၀၀)၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် (၉၀,၀၀၀) ကျပ်၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် (၁,၉၅၀,၀၀၀)၊ဧရာမင်း(ဆန်)၂၄ ပြည်တစ်အိတ် လျှင် ကျပ် (၈၀,၀၀၀) ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ရေဦးခရိုင်တွင် ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် (၂,၉၀၀,၀၀၀)၊ပေါ်ဆန်း(ဆန်)တစ်အိတ်လျှင်ကျပ်(၉၀,၀၀၀)၊ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် (၁,၉၅၀,၀၀၀)၊ ဧရာမင်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် (၈၀,၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။

         ကလေးခရိုင်တွင် ဧည့်မထ (စပါး) တင်း ၁၀၀ လျှင် ကျပ် (၁,၉၀၀,၀၀၀)၊ဧည့်မထ (ဆန်)‌၂၄ ပြည် တစ်အိတ်လျှင် ကျပ် (၇၂,၀၀၀)၊ ငစိန်(စပါး)တင်း ၁၀၀ လျှင် ကျပ် (၁,၈၀၀,၀၀၀)၊ ငစိန်(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၇၀,၀၀၀)၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ်(၂,၀၀၀,၀၀၀)၊ ဧရာမင်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၈၀,၀၀၀) ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ (၂) (စပါး) တင်း ၁၀၀ လျှင် ကျပ် (၁,၆၅၀,၀၀၀)၊ မှော်ဘီ (၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် (၆၅,၀၀၀)၊ ဆင်းဧကရီ(၃) (စပါး) တင်း ၁၀၀ လျှင် ကျပ်(၁,၅၀၀,၀၀၀)၊ ဆင်းဧကရီ-၃ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် (၆၃,၀၀၀)၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် (၁,၇၅၀,၀၀၀)၊ ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် (၇၅,၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

          မုံရွာခရိုင်တွင် ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် (၂,၂၀၀,၀၀၀)၊ ဧရာမင်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၉၀,၀၀၀)၊ ပေါ်ဆန်း (စပါး)တင်း ၁၀၀ လျှင် ကျပ်(၂,၈၀၀,၀၀၀)၊ ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင်ကျပ် (၉၅,၀၀၀)၊ မနောသုခ(စပါး) တင်း ၁၀၀ လျှင် ကျပ်(၁,၈၀၀,၀၀၀)၊ မနောသုခ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၇၅,၀၀၀) ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

     ကန့်ဘလူခရိုင်တွင်  ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် (၁,၉၅၀,၀၀၀)၊ ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင်ကျပ်(၈၀,၀၀၀)၊ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင်ကျပ်(၂,၈၀၀,၀၀၀)၊ ပေါ်ဆန်း(ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၉၀,၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

        စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ(ပထမ)ပတ်တွင်  ရန်ကုန်သို့ အိတ်ရေ(၂၄၀၀၀)၊    မန္တလေးသို့အိတ်ရေ(၃၆၉၀၀)၊   မကွေးသို့အိတ်ရေ   (၆၀၀)၊ နေပြည်တော်သို့ အိတ်ရေ(၁၀၀၀၀)၊ ရှမ်း(တောင်)သို့ အိတ်ရေ(၈၀၀၀)၊ ရှမ်း(မြောက်)သို့ အိတ်ရေ(၈၀၀၀)၊ ကချင်သို့ အိတ်ရေ(၁၅၀၀)၊ စုစုပေါင်းအိတ်ရေ (၈၉၀၀၀) အိတ်၊တန်အားဖြင့် (၄၄၅၀) စီးထွက်ခဲ့ပြီး ယခုဇွန်လ(ဒုတိယ) ပတ်တွင် ရန်ကုန်သို့ အိတ်ရေ (၂၅၀၀၀)၊ မန္တလေးသို့ အိတ်ရေ (၂၇၃၇၀)၊ မကွေးသို့ အိတ်ရေ (၃၀)၊ နေပြည်တော်သို့ အိတ်ရေ (၉၀၀၀)၊ ရှမ်း(တောင်)သို့ အိတ်ရေ (၇၅၀၀)၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၇၅၀၀)၊ ကချင်သို့ အိတ်ရေ (၃၀၀၀)၊ စုစုပေါင်းအိတ်ရေ (၇၉၄၀၀)အိတ်၊ တန်အားဖြင့် (၃၉၇၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၉၆၀၀) တန်အားဖြင့် (၄၈၀) လျော့နည်းစီးထွက်ခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News