International News

ဇူလိုင်လတွင် အာရှရေနံချက်စက်ရုံအချို့သို့ ရေနံအပြည့်အ၀ ထောက်ပံ့ပေးမည်ဟု Saudi Aramco ပြောကြား

Last Updated:

         ဇူလိုင်လတွင် ရေနံစိမ်း တစ်ရက် စည်တစ်သန်း လျှော့ထုတ်မည်ဟု ကြေညာထားသော Saudi Aramco သည် အာရှမြောက်ပိုင်းမှ ဝယ်လက် ၅ ဦးထက်မနည်းအား  ဇူလိုင်လတွင် မှာကြားထားသော ရေနံစိမ်းပမာဏ အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။ ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သည့်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံသည် လက်ရှိတွင် တစ်ရက် စည်  ၁၀ သန်းဝန်းကျင် ထုတ်လုပ်လျက် ရှိရာမှ ဇူလိုင်လတွင်  တစ်ရက်လျှင် စည် ၉ သန်းသာ ထုတ်လုပ်မည်ဟု ကြေညာထားသည်။
        အာရှမှ ဆော်ဒီအာရေဗျရေနံစိမ်း ဝယ်ယူသူများတွင် တရုတ်အစိုးရပိုင် ရေနံချက်လုပ်ငန်းအချို့သည် ဇူလိုင်လတွင် လျှော့ယူမည်ဟု အသိပေးထားပြီး စုစုပေါင်း ပမာဏသည် ဇွန်လထက် စည် ၁၀ သန်းခန့် လျော့နည်းမည်။ သို့သော် ဇွန်လတွင် လျှော့ယူခဲ့သည့် တရုတ်ရေနံချက်စက်ရုံလုပ်ငန်း အချို့သည် ဇူလိုင်လတွင် ဇွန်လထက် ပိုယူကြမည်ဖြစ်ရာ တရုတ်နိုင်ငံသို့ တင်ပို့သည့် ရေနဲစိမ်း စုစုပေါင်းပမာဏသည် ဇွန်လအတိုင်း ဆက်ရှိနေမည် ဖြစ်သည်။ 

Source: https://www.industrialdirectory.com.mm

Category: International News