International News

ဇန်နဝါရီလမှ ဧပြီလအတွင်း တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း နိုင်ငံခြားကုန်သွယ်ရေးပမာဏ ပြီးခဲ့သည့်ကာလတူထက် မြင့်တက်

Last Updated:

        ယခုနှစ် ပထမ ၄ လတာ ကာလတွင် တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း နိုင်ငံခြားကုန်သွယ်ရေးပမာဏသည် တိုးတက်လျက်ရှိရာ ၎င်း၏စုစုပေါင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၁.၇၁ ဘီလီယံအထိရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာ ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ လယ်ယာထွက်ကုန်ပစ္စည်းပို့ကုန်ပမာဏသည် ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁.၇၄ ဘီလီယံ၊ သွင်းကုန်ပမာဏသည် ၁၁.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၉.၉၇ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။
         ဇန်နဝါရီလမှ ဧပြီလအထိ ကုန်သွယ်ရေးလိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၄၈.၂၃ ဘီလီယံ ရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၄.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ 

Source: https://xinhuamyanmar.com

Category: International News