Local News

ကျောက်ဆည်ခရိုင်အတွင်း ငရုတ်သီးအမှည့်အစိုများ ဈေးကောင်းရ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ငရုတ်(မိုး)စိုက်ဧက စုစုပေါင်း(၈၄၉၇)ဧက စိုက်ပျိုးထားရှိပြီး (၅၀၂၄)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ငရုတ်သီးများစိုက်ပျိုးရာတွင် အရည်အသွေး ကောင်း၍ အထွက်နှုန်းကောင်း သော စကာတာမျိုး၊ 692 မျိုးနှင့် တိုးတိုးအောင် ငရုတ်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ငရုတ်သီးနှံကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ငရုတ်သီးမျိုးစေ့များကို ပျိုးထောင် ပြီး ရက်ပေါင်း(၄၅)ရက်ခန့်အကြာတွင် လယ်မြေနှင့်ယာမြေများတွင် ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၃)လခန့်အကြာတွင် စတင် ခူးဆွတ်ရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျို ၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း(၁၀) သိန်းကျပ်ခန့်ကုန်ကြကြောင်း၊ အထွက်နှုန်းအနေဖြင့် ငရုတ်အမှည့်(အစို) တင်း(၂၀၀)ခန့် ပိဿာ အနေဖြင့် (၁၀၀၀)ပိဿာခန့်ထွက်ရှိကြောင်း၊ ငရုတ်သီးအမှည့်(အခြောက်)အနေဖြင့် တင်း(၈၀)ခန့် ထွက်ရှိကြောင်း သိရသည်။ ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်သီးအမှည့်(အစို) (၁)ပိဿာလျှင် (၈၅၀၀-၁၀၀၀၀)ကျပ် ဈေးနှုန်း များဖြင့်ရောင်းဝယ်လျက်ရှိကြောင်း  ယခုအချိန်တွင် ငရုတ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီး ငရုတ်ပွဲစားများမှ ငရုတ်သီးအမှည့်(အစို)များကိုသာ အဓိကထား ဝယ်ယူကြသည့်အတွက် ငရုတ်စိုက်တောင်သူများ ဈေးကောင်းများ ရရှိကာ အကျိုးအမြတ်များစွာရရှိကြောင်း သတင်းရရှိပါသည်။

 

source: https://www.commerce.gov.mm

Category: Local News