Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှုအခြေအန

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂  ရက်မှ  ၈ ရက်နေ့အတွင်း  ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ပဲတီစိမ်း၊ Lead Carbonate နှင့် ပြောင်းများ တင်ပို့ခဲ့ပြီး ပို့ကုန်၏စုစုပေါင်း ငွေပမာဏမှာ ၄၄၅၄၇၇.၈၃၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၁၃၃၇၁၃၉.၀၀၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၈၉၁၆၆၁.၁၇၀ ကန်ဒေါ်လာတန်ဖိုး လျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။ 

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂  ရက်မှ  ၈ ရက်နေ့အတွင်း ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ သံနှင့် သံမဏိဆောက်လုပ်‌ ရေးပစ္စည်းများ၊ ပလပ်စတစ်ပိုက်၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၄၈၀၁၆.၇၇၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၁၆၃၄၁၅၂.၉၅၀ ကန်ဒေါ် လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၄၈၆၁၃၆.၁၈၀ ကန်ဒေါ်လာတန်ဖိုး လျော့နည်း၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၂၉၇၄၆၁.၀၆၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်း များအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၉.၀၁  ကျပ် ရှိကြောင်းသိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး  

 

Category: Local News