Local News

ပို့ကုန်အမည်သစ်ဖြစ်လာရန်အလားအလာရှိသည့် ကချင်ပြည်ဒေသထွက် ရှောက်ကော

Last Updated:

ကချင်ပြည်နယ်တောင်တန်းဒေသထွက် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့် ရှောက်ကောအား တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှ ကုန်သွယ်မှုပြုနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (The 20th China-ASEAN Expo) ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ကုန်စည်ပြပွဲသို့ ကချင်ပြည်နယ်မှ MSME လုပ်ငန်ရှင်များလိုက်ပါ သွားရောက်၍ စျေးကွက်ရရှိရေး ကုန်ပစ္စည်းနမူနာပေး မိတ်ဆက်ပြီး စျေးကွက်ရှာဖွေမည် ဖြစ်ကြောင်းသိရပါသည်။

ကချင်ပြည်နယ်တောင်တန်းဒေသတွင်သာ ထွက်ရှိသည့် ပို့ကုန်အမည်သစ်ဖြစ်ရန် အလားအလာရှိသည့် ရှောက်ကောကို တရုတ်လူမျိုးမျာက ဘယဆေးအဖြစ်သုံးခြင်းနှင့် ဟင်းခတ် အမွှေးအကြိုင်တို့တွင် တွင်တွင်ကျယ်ကျယ်အသုံးပြုခြင်းတို့ဆောင်ရွက်လျှက် ရှိကြောင်းသိရှိရပါသည်။ ရှောက်ကောပင်သည် စိမ့်ဆန်သောမြေမျိုးတွင် အလေ့ကျပေါက်ရောက်လျက်ရှိပြီး အဆို ပါရှောက်ကောကို ဒေသခံပြည်သူများက ဟင်းထဲတွင်ထည့်၍ အသုံးပြုခဲ့ရာမှ လူကြိုက်များလာပြီး ပြည်တွင်းစျေးကွက်ထဲတွင်ရှိနေခဲ့ပါသည်။ ယခင်က တရုတ်ပြည်သို့ တရားမဝင်ကုန်သွယ်မှုဖြင့် တရုတ်ပြည်ဈေးကွက်ထဲသို့ ဈေးကွက်ထိုးဖောက်သည့် အချိန်တွင် တရုတ်ပြည်စားသုံးသူများ အနေဖြင့် ဟင်းခတ်အမွှေးအကြိုင်တွင် အသုံးများသည့်ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

ရှောက်ကောကို ကချင်ပြည်နယ်တောင်တန်းဒေသများတွင် အလေ့ကျပေါက်ရောက်သည်ဆိုသော်လည်း လူအများကအသုံးပြု အာရုံစိုက်လာကြချိန်တွင် ဒေသခံပြည်သူများက အပင်များကိုပြုစုပျိုးထောင်လာကြခြင်းကြောင့် ယခုအခါ တစ်နှစ်လျှင် တန်ချိန် (၁၅၀၀၀) တစ်သောင်း ငါးထောင်ခန့်ရရှိမည်ဟု ခန့်မှန်းရကြောင်း အကယ်၍ တရုတ်ပြည်နှင့် တရားဝင်တင်ပို့ရန် စျေးကွက် ချိတ်ဆက်မိပါက ထုတ်ကုန်၏ တန်ဖိုးကွင်းဆက်တစ်လျောက် ဒေသခံပြည်သူအများစု အလုပ်ရရှိ၍ ဝင်‌ငွေပိုမိုရလာပြီး နိုင်ငံတော်အတွက် အခွန်အခရရှိကာ ကုန်သွယ်မှုပမာဏတိုးတက်လာမည်ဖြစ်ကြောင်း ကုန်သွယ်မှုပြုလုပ်နေသည့် ဒေသခံလုပ်ငန်းရှင်တစ်ဦးမှ ပြောပြပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News