Local News

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ်၊ လအလိုက် ပဲမျိုးစုံ ပြည်တွင်းတစ်တန်ဈေးနှုန်းများ ကာလတူနှိုင်းယှဉ်ချက်

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်တွင်းပဲမျိုးစုံ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ မတ်ပဲတစ်တန်ဈေးနှုန်းမှာ ဇန်နဝါရီလတွင် ၁၆၄၂၅၀၀ကျပ် ‌ရှိရာမှ စက်တင်ဘာလတွင် ၂၅၀၅၀၀၀ ကျပ်သို့ ငွေကျပ် ရှစ်သိန်းခြောက်သောင်းကျော် (၈၆၂၅၀၀)ကျပ် သို့ လည်းကောင်း၊ ပဲတီစိမ်း တစ်တန်ဈေးနှုန်းမှာ ဇန်နဝါရီလတွင် ၁၃၂၈၉၀၀ကျပ်ရှိရာမှ ဩဂုတ်လတွင် ၂၂၉၆၅၀၀ကျပ်သို့ ငွေကျပ် ကိုးသိန်းခွဲကျော် (၉၆၇၆၀၀) ကျပ်သို့ လည်းကောင်း၊ ပဲစင်းငုံ တစ်တန်ဈေးနှုန်းမှာ ဇန်နဝါရီလတွင် ၁၇၇၅၀၀၀ ကျပ်ရှိရာမှ စက်တင်ဘာလတွင် ၄၁၅၀၀၀၀ကျပ်သို့ ငွေကျပ်နှစ်ဆယ့်သုံးသိန်း ခုနစ်သောင်းကျော် (၂၃၇၅၀၀၀) ကျပ် သို့လည်းကောင်း၊ ကုလားပဲအနေဖြင့် မတ်လတွင် ၂၀၇၂၉၀၀ ကျပ်မှ စက်တင်ဘာလတွင် ၂၉၆၀၉၀၀ကျပ်သို့ ငွေကျပ် ရှစ်သိန်းရှစ်သောင်းကျော် (၈၈၈၀၀၀)ကျပ်သို့ လည်းကောင်း အသီးသီးဈေးမြင့်တက်သွားသည်ကို တွေ့ရှိရပါသည်။

တောင်သူများအနေဖြင့် ပဲမျိုးစုံများအနက် ပဲစင်းငုံမှာ ဈေးကောင်းရရှိနေသဖြင့် ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ဇစ်မြစ်။    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၈-၉-၂၀၂၃ရက်နေ့တွင်ဖြစ်ပေါ်နေသည့် ပဲမျိုးစုံများ၏ အမြင့် ဈေးနှုန်းများအား ကာလတူနှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။

Source: Domestic YGN TC

Category: Local News