Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂  ရက်မှ  ၈  ရက်နေ့များ အတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၄၄၅၄၇၇.၈၃၀ ကန်ဒေါ်လာ တင်ပို့ မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၁၄၈၀၁၆.၇၇၀ ကန်ဒေါ်လာ တင်သွင်းမှုရှိ ခဲ့ပါသည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊  ပဲတီစိမ်း၊ Lead Carbonate နှင့် ပြောင်းများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၁၂၀၄၃၇.၃၀၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ ရေး စခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၃၂၅၀၄၀.၅၃၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ ပါသည်။
သွင်းကုန်ပစ္စည်းများမှာ ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ သံနှင့် သံမဏိဆောက်လုပ်‌ရေးပစ္စည်းများ၊ ပလပ်စတစ်ပိုက်၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်း ကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၆၀၈၃၄.၁၂၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၈၇၁၈၂.၆၅၀ တင်သွင်းမှုရှိခဲ့ပါသည်။
မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ၁ ကျပ် လျှင် တရုတ်ငွေ ၀.၃၄၆ ယွမ် ရှိပြီး တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၉.၀၁  ကျပ် ရှိကြောင်းသိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News