Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၆.၀၄၃) အမေရိကန်ဒေါ်လာသန်းနှင့် သွင်းကုန် (၁၇.၇၁၈) အမေရိကန် ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၃.၇၆၁) အမေရိကန်ဒေါ်လာသန်းဖြစ်ပြီး ယခင်နှစ် ကာလတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁.၉၁၄) အမေရိကန်ဒေါ်လာသန်း၊ သွင်းကုန် (၂.၀၄၀) အမေရိကန်ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ( ၃.၉၅၄ ) အမေရိကန်ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူထက် ပို့ကုန် (၄.၁၂၉) အမေရိကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၅.၆၇၈) အမေရိကန်ဒေါ်လာသန်း ပိုမိုခဲ့ခြင်းကြောင့် ယခုနှစ်တွင် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၉.၈၀၇) အမေရိကန် ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

တင်ပို့သည့် ပို့ကုန်အမည်များအနက် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ ပဲယင်း၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊  ဘိုကိတ်ပဲ၊  ပဲနီကြား ၊ နှမ်းနက်၊ ရော်ဘာကြမ်း၊ ရော်ဘာ၊ ဝဥခြောက်နှင့် CMPပစ္စည်းများ တင်ပို့မှုပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

လယ်ယာထွက်ကုန်များ၏ (၁)တန်ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်၊ ဆန်ကွဲ (၃၁၀၀)ယွမ်၊ ပဲတီစိမ်း (၅၉၀၀) ယွမ်၊ မြေထောက်ပဲ (၈၀၀၀)ယွမ်၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်၊ ပြောင်း (၂၃၀၀) ယွမ်၊ နှမ်း (၁၂၀၀၀) ယွမ်၊ ရာဘာ (၈၀၀၀) ယွမ်၊ ငရုတ်အစို (၅၀၀၀)ယွမ်၊ ငရုတ်ခြောက် (၉၀၀၀)ယွမ်ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News