Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့မှ (၈) ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၀.၀၃၄၆) သန်းတင်ပို့ခဲ့ပြီး သွင်းကုန်တင်သွင်းခဲ့မှု မရှိသည့်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၀.၀၃၄၆) သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့ (၁) တန်လျှင် အမေရိကန်ဒေါ်လာ(၁၀၀) နှုန်းဖြင့် (၆၈) တန်၊ ဇီးဖတ် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၆၁) တန်၊ ဂျင်းအစို (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀) နှုန်းဖြင့် (၄၄) တန်နှင့် ဇီးယိုထုပ် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀) နှုန်းဖြင့် (၄) တန် တင်ပို့နိုင်ခဲ့သည်။ ဒေသ ငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၈) တာကာနှင့် (၁) တာကာလျှင် (၂၉.၈၀) ကျပ် ဖြစ်ကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News