Local News

မေလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် ၃၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်းရရှိ

Last Updated:

          ယခုနှစ်   မေလအတွင်း   ပြည်တွင်းမှထွက်ရှိသော ပျားရည်များကို ပြည်ပနိုင်ငံတို့သို့ တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၃၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်းရရှိခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာနပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး    ဦးမျိုးတင့်၏ ပြောကြားချက်အရ သိရသည်။

          “ပြည်တွင်းကထွက်တဲ့ ပျားရည်ကို မေလမှာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေဆီ တင်ပို့ခဲ့ပါတယ်။ ထိုင်းနိုင်ငံကို  ပျားရည်မက်ထရစ်တန်ချိန် ၁၄၀ ဒသမ၇ တန်၊ ဂျပန်နိုင်ငံကို ပျားရည်မက်ထရစ်တန်ချိန် ၁၇၆ တန်နဲ့ တောင်ကိုရီးယားနိုင်ငံကို ပျားရည်မက်ထရစ်တန်ချိန် ၂၀ စုစုပေါင်း ပျားရည်မက်ထရစ်တန်ချိန် ၃၃၆ ဒသမ၇ တန်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်းရရှိခဲ့ပါတယ်” ဟု ဦးမျိုးတင့်က ပြောသည်။

           ထိုသို့တင်ပို့ရာတွင် ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သို့ ပုဂ္ဂလိကကဏ္ဍမှ ပုံမှန်တင်ပို့မှုအနေဖြင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်း၊ပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နှင့် လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်ပြီး နှမ်းပျားရည်သည် ဇူလိုင်လတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများကြောင်း သိရသည်။      

Source: https://www.myawady.net.mm/node/41850

Category: Local News