Local News

ရှမ်းပြည်နယ် ဒေသထွက်ကုန်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ နိုင်ရေး ဆွေးနွေးပွဲကျင်းပ

Last Updated:

ရှမ်းပြည်နယ်၏ ဒေသထွက်ကုန်များ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ရုံးခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ချို၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးမိုးသွယ်တို့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့၍ အသင်းအဖွဲ့၊ အစုအဖွဲ့များမှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ပို့ကုန်လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့်  အခက်အခဲများ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ထုတ်လုပ်မှုအတွက် လိုအပ် ချက်များ ဒေသထွက်ကုန်များ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Category: Local News