Local News

မန္တလေးကုန်စည်ဒိုင်၏ ကုလားပဲဈေးနှုန်း ဆက်တိုက်မြင့်တက်လာ

Last Updated:

ဇွန်လဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိရာ ကုလားပဲမှာ ဆက်တိုက် ဈေးမြင့်တက်လျှက်ရှိသည်။ လက်ကျန်နည်းလာ၍ လှောင်လက်ကုန်သည် အရောင်းသမားများ ထုတ်ရောင်းသလောက်သာ စောင့်ဝယ်ယူနေရသည့်အခြေအနေဖြစ်ခြင်း၊ ပို့ကုန်ပဲများ ဈေးမြင့်လာခြင်းနှင့်အတူ ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါ ဈေးမြင့်လာခြင်းတို့ကြောင့် ယခင်ကမရဘူးသော ဈေးများသို့ ရောက်ရှိနေကြောင်း၊ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ကုလားပဲဖြူလုံးကြီး(V-2) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၅၀၀၀ မှ ၂၆၈၀၀၀၊ ယခင်လ ကျပ် ၂၂၃၀၀၀ မှ ၂၂၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မှ ၈၀၀၀၊ ယခင်လထက် ကျပ် ၄၈၀၀၀ မှ ၅၀၀၀၀ မြင့်တက်လာသည်။

ကုလားပဲ (ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၀၀၀၀  မှ ၂၆၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၅၂၀၀၀ မှ ၂၅၃၀၀၀၊ ယခင်လ ကျပ် ၂၀၄၀၀၀ မှ ၂၁၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၈၀၀၀ မှ ၁၀၀၀၀၊ ယခင်လ ကျပ် ၄၈၀၀၀ မှ ၄၉၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၂၇၁၀၀၀ မှ ၂၇၂၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၀၀၀၀ မှ ၂၆၁၀၀၀၊ ယခင်လ ကျပ် ၂၂၀၀၀၀ မှ ၂၂၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၁၀၀၀၊ ယခင်လထက် ကျပ် ၄၉၀၀၀ မှ ၅၁၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး(V-7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၃၀၀၀ မှ ၂၇၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၈၀၀၀၊ ယခင်လ ကျပ် ၂၂၄၀၀၀ မှ ၂၂၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၇၀၀၀၊ ယခင်လထက် ကျပ် ၄၉၀၀၀ မှ ၅၀၀၀၀ မြင့်တက်လာသည်။   

မြင့်မြင့်လှိုင်

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News