Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲမာလိုင်းများ အမြင့်ဈေးဖြင့်အရောင်းအဝယ်သွက်နေ

Last Updated:

ဇွန်လ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင်၊ ပဲမာလိုင်းများ လက်ကျန်နည်းလာ၍ လှောင်လက်အရောင်းသမားများ ထုတ် ရောင်းသလောက်သာ ဝယ်ယူနေရခြင်းကြောင့်၊ ဝယ်လိုအား ကောင်းနေကြောင်း သိရသည်။၊ အိန္ဒိယနိုင်ငံသည် မြန်မာ့ပို့ကုန်ပဲ အပေါ် အဓိက မှီခိုနေရတာကို လျှော့ချရန်အတွက် ဈေးကွက်အသစ်တွေ ရှာဖွေနေသော်လည်း ၎င်းနိုင်ငံ၏ ပဲလိုအပ်ချက်များသော ကြောင့် မြန်မာ့ပဲဝယ်ယူမှု လျှော့ချ၍မရသေးကြောင်း၊ ဒါကြောင့် မြန်မာ့ပဲဈေးနှုန်းများ အမြင့်ဈေးဘက်သို့သာ ရှိနေကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်၏ ပြောပြချက်အရ သိရသည်။

မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၄၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၃၀၀၀၀ မှ ၂၃၅၀၀၀၊ ယခင်လ ကျပ် ၂၁၆၀၀၀ မှ ၂၁၇၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀၊ ယခင်လထက်ကျပ် ၂၈၀၀၀ မှ ၂၉၀၀၀ မြင့်တက်လာသည်။

ပဲစဉ်းငုံ(နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၃၀၀၀ ဈေးရှိပြီး၊ ယခင်တစ်ပတ် ကျပ် ၃၁၅၀၀၀ မှ ၃၂၀၀၀၀၊ ယခင်လ ကျပ် ၂၄၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၂၀၀၀ မှ ၇၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၇၀၀၀၀ မြင့်တက်လာသည်။

ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၂၉၅၀၀၀ ဈေးရှိပြီး၊ ယခင်တစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၃၁၀၀၀၀၊ ယခင်လ ကျပ် ၂၃၀၀၀၀ မှ ၂၃၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၆၀၀၀၀ မြင့်တက်လာသည်။

မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၀၀၀၀ မှ ၃၁၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၇၅၀၀၀ မှ ၃၀၅၀၀၀၊ ယခင်လ ကျပ် ၂၇၀၀၀၀ မှ ၂၈၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၂၅၀၀၀ မြင့်တက် လာသည်။

မြင့်မြင့်လှိုင်

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News