International News

အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် BIMSTEC BUSINESS CONCLAVE သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂုဏ်ထူးဆောင်ဧည့်သည်‌တော်အဖြစ် တက်ရောက်အမှာစကားပြောကြား

Last Updated:

          အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်း(Indian Chamber of Commerce- ICC)၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးသည် ဇွန်လ ၁၃ ရက်က အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Hytta Regency Kolkata Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘင်းစတက်စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ(BIMSTEC Business Conclave)သို့ ဂုဏ်ထူး‌ဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

        အဆိုပါဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒေသစံ‌တော်ချိန် နံနက် (၁၀ : ၁၅) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက  အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ကုန်သွယ်မှုပိုမိုမြှင့်တင်ရေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်နိုင်မည့် အလားအလာရှိသော ကုန်ပစ္စည်းများ ရှာဖွေရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်ရန်တို့အတွက် စီးပွားရေးလုပ်ငန်းများမှ စီးပွားရေးလုပ်ငန်းများသို့ (B 2 B) ထိတွေ့ဆက်ဆံမှုများကို အားပေးသွားရန်၊ မြန်မာနိုင်ငံတွင် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်ကုန်သည်များအကြား ပိုမိုထိတွေ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်‌‌ရေး စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့အပြင် ဘင်းစတက်နိုင်ငံများအကြား လမ်းပန်းဆက်သွယ်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုနှင့် ပြည်သူများ အချင်းချင်းထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် ထည့်သွင်းစဉ်းစားနိုင်ရေးတို့ကိုပါ အကြံပြုဆွေးနွေးခဲ့သည်။

      ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဘင်းစတက်နိုင်ငံများမှ ထုတ်ကုန်ပြပွဲများခင်းကျင်းပြသထားရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ခင်းကျင်းပြသထားသော ပြခန်းအားကြည့်ရှုအားပေး ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် (၁ : ၄၅) အချိန်တွင် Ballroom One တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု - အခွင့်အရေးနှင့်အတားအဆီးများဖိုရမ်သို့ တက်ရောက်အားပေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ဦးအေးဝင်းမှ Panellist အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Ballroom Two တွင် ကျင်းပပြုလုပ်သည့် ဘင်းမ်စတက် ရင်းနှီးမြှုပ်နှံမှုဖိုရမ် - စိန်ခေါ်မှုနှင့် အခွင့်အလမ်းသို့ ဆက်လက်တက်ရောက် အားပေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ Panellist အဖြစ် ဆွေးနွေးပြောကြားခဲ့သည်။

      ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဆွေးနွေးပွဲသို့ အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်းဥက္ကဌ Mr.  MehulMohanka ၊ အိန္ဒိယနိုင်ငံအစိုးရ ပြည်ပ‌ရေးရာနှင့်ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး Dr. Rajkumar Ranjan Singh ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး  Mr. Nurul Majid Mahmud Humayun ၊ နီပေါနိုင်ငံ၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနဝန်ကြီး Mr. Ramesh Rizal ၊ သီရိလင်္ကာနိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Dr. Ramesh Pathirana ၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. VijavatIsarabhakdi ၊ ဘူတန်နိုင်ငံ၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာန၊ အတွင်းရေးဝန်၊ Ms. Tashi Wangmo၊ အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်း ဒုတိယဥက္ကဌ Mr. Ameya Prabhu ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဌ  ဦးထွန်းလွင်၊ မြန်မာနိုင်ငံအမျိုးသမီးစီးပွား‌ရေးစွမ်းဆောင်ရှင်များအသင်း ဥက္ကဌ ‌ဒေါ်ကြွယ်ကြွယ်ဇင်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဟန်တို့အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင် များ ပါဝင်တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

Source: https://commerce.gov.mm

Category: International News