Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၁) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၆၅) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၇၅) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၅၂.၁) တန်၊ ရွှံ့ဂဏန်း (အရှင်) (၀.၄၅) တန်၊ ဂျင်းခရု (အရှင်) (၀.၇) တန်၊ ဂဏန်း (အသေ) (၇.၄) တန်၊ ရေခူဆားနယ်  (၉.၁) တန်၊ ကျောက်ပုဇွန် (အရှင်) (၀.၄၅)တန်၊ ငှက်ပျောသီး (၄၀) တန်နှင့် ငရုတ်သီးစိမ်း (၁) တန် တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများ မှာ သစ်သီး(၃) တန်၊ ကြွေပြား (၈၀၀) စတုရန်းမီတာနှင့် ပုစွန်သားပေါက်အကောင်ရေ (၅) သိန်းတို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၂၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၀၄) ကျပ်ခန့်ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News