Local News

မြန်မာနိုင်ငံမှ သကြားတန်ချိန် ၁၀,၀၀၀ ဝယ်ရန် ဗီယက်နမ်နိုင်ငံမှ ကမ်းလှမ်း

Last Updated:

၂၀၂၃-၂၀၂၄ ကြံရာသီမှာထွက်ရှိတဲ့ သကြားတန်ချိန် ၁၀,၀၀၀ ကို ဗီယက်နမ်နိုင်ငံက ဝယ်ယူဖို့ကမ်းလှမ်းထားတယ်လို့ မြန်မာနိုင်ငံ ကြံ၊ သကြားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ တင်ပို့ဖို့အတွက်ကိုတော့ ဈေးနှုန်းတွေ၊ ထွက်ရှိနိုင်မယ့်ရက်နဲ့ သင်္ဘောတင်ပေးနိုင်မယ့်ရက် စတာတွေကို ညှိနှိုင်းရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပဈေးကွက်မှာတော့ နိုင်ငံတော်တော်များများက မြန်မာနိုင်ငံကထွက်တဲ့ ကြံနဲ့သကြားဝယ်ယူဖို့ ကမ်းလှမ်းမှုတွေရှိပေမယ့် ထုတ်လုပ်နိုင်မှုက နည်းနေသေးတယ်လို့ ဆိုပါတယ်။ မြန်မာ နိုင်ငံမှာ သကြားထွက်ရှိမှုက ပျမ်းမျှအနေနဲ့ တစ်နှစ်ကိုတန်ချိန် လေးသိန်းခွဲလောက်ထွက်ရှိပြီး ဗီယက်နမ်တစ်နိုင်ငံကိုပဲ တင်ပို့တာဖြစ်တဲ့အတွက် ပြည်တွင်းစားသုံးမှုဖူလုံတယ်လို့ သိရပါသည်။ 

Source: https://t.me/htwettoe

 

Category: Local News