မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မှ (၁၀)ရက်နေ့အတွင်း ပို့ကုန် ငါးမှုန့်(၁) တန်လျှင် (၈၉၃.၇) ဒေါ်လာနှုန်းဖြင့် (၄၉၅) တန် ၊ တန်ဖိုး (၀.၄၄၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မှ (၁၀)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၂၅.၂) ဒေါ်လာနှုန်းဖြင့်(၂၀၅၀) တန်၊ တန်ဖိုး (၁.၆၉၂) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၅၂)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၁၀၆၄)တန်၊ တန်ဖိုး (၀.၅၅၂) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၂၅) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၉၉.၅)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
Source: https://commerce.gov.mm