Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၃-၂-၂၀၂၄ မှ ၉-၂-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (3877.876) တန်၊ တန်ဖိုး (၀.၉၁၀)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၆၉.၀၀၀) တန်၊တန်ဖိုး (၀.၀၉၃) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇.၀၀၀)တန်၊ (၀.၀၄၁)ဒေါ်လာသန်း၊ လိမ္မော်သီး (၃၄၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ထောပတ်သီး (၃၁၂.၅၀၀) တန်၊ တန်ဖိုး (၀.၁၇၂)ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၆.၈၀၀)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း၊ ဝါး (၂၆.၀၀၀)တန်၊ (၀.၀၁၀)ဒေါ်လာသန်း၊ MANGANESE DIOXIDE (၄၂၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၈)ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၆၂.၀၀၀) တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၃၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်းနှင့် တံမြက်စည်း (၇.၂၀၀)တန်၊ (၀.၀၀၂)ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၁.၃၇၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၀၄.၂၈၆) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၃-၂-၂၀၂၄ မှ ၉-၂-၂၀၂၄) တွင် ဓာတ်ဆီ (၁၄၉၅) BBL ၊ တန်ဖိုး (၀.၁၄၄) ဒေါ်လာသန်း၊ ဒီဇယ် (၁၈၃၄) BBL ၊ တန်ဖိုး (၀.၂၀၈) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၃၄) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၀၆၄) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၂၀၉) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၀၃) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၇၄) ဒေါ်လာသန်း၊စက်ဘီးအပိုပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်း၊ စက်ဆီ/ချောဆီ (၀.၀၁၆)ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၂၈) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၇၂) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၂၀) ဒေါ်လာသန်း၊သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၁)ဒေါ်လာသန်း၊ တာယာ (၀.၀၀၉)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၄၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၉၁) အပါအဝင် သွင်းကုန် တန်ဖိုး (၁.၅၃၈)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News