Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၈-၅-၂၀၂၃ မှ ၁၂-၅-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2022 Crop) ကျပ် ၂၁၆၉၀၀၀၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၂၄၀၉၀၀၀ နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကျပ် ၂၄၅၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2022 Crop) ကျပ် ၂၁၀၀၀ ဈေးမြင့်တက်ခဲ့ပြီး မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၂၆၀၀၀ နှင့် Red/RC (2022 Crop) ကျပ် ၃၇၅၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၉၅ လုံး ( တန်ချိန် ၂၂၈၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၇၅ လုံး ( တန်ချိန် ၁၈၀၀) နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၅ လုံး ( တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀) လျော့နည်းဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၅ လုံး ( တန်ချိန် ၁၂၀) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။

ငရုတ်

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မြှားနီ ကျပ် ၁၁၅၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မိုးထောင်( ဒီမွန်) ကျပ် ၁၂၀၀၀၊ အိမ်မဲ ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း (ပု)ကျပ် ၁၆၅၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၄၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်ဈေးများငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၄၅၀၀ (၉၀၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၆၀၀ (၉၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၈၀၀၀(၁၆၀၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၇၀၀ (၁၀၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သဖြင့် ငရုတ်ရှည် အိတ်ပေါင်း ၃၅၀၀ (၇၀၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်း

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၆၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၂၆၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၅၀ ဈေးကျဆင်းခဲ့ကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သောထန်းလျက်၊ ကြံသကာနှင့်သကြား(တစ်ပိဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၂၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၂၉၀၀၊ ပခုက္ကူကြမ်းကျပ် ၂၇၀၀၊ ရေစကြိုထန်းလျက်(ချော) ကျပ် ၃၆၀၀၊ ကြံသကာ(စစ်) ကျပ် ၂၈၅၀ နှင့် သကြား (ပြည်တွင်း)ကျပ် ၃၂၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၁၅၀၊ ပခုက္ကူကြမ်းကျပ် ၅၀ ကြံသကာ(စစ်) ကျပ် ၅၀ နှင့် သကြား(ပြည်တွင်း )ကျပ် ၂၀ ဈေးမြင့်တက်ခဲ့ပြီး ရေစကြိုထန်းလျက်(ချော) ကျပ် ၅၀ ဈေးကျဆင်းခဲ့ ကြောင်းသိရသည်။

 

                                                                                                                                                                                                                                 SSMaw (Domestic (Ygn) MITC

Category: Local News