ထိုင်းနိုင်ငံ၊ ချန်ပါဆက်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ်လကတည်းက ဖြစ်ပွားနေသော တောင့်သန်းနာရောဂါကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း မက်ဒါဟန်ပြည်နယ်မှ ပထမဆုံးအဖြစ် လူတစ်ဦးသေဆုံးခဲ့ရပါသည်။ အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှ သွင်းကုန် အသားကို များစွာမှီခိုနေသော လာအိုနိုင်ငံအပေါ် အကျိုးသက်ရောက်မှုများခဲ့ပြီး လာအို၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနက မေလ ၂ ရက်နေ့မှစ၍ ထိုင်းမှ အမဲသား၊ ဝက်သား၊ မြင်းသား၊ သိုးသားတို့ကို တင်သွင်းခွင့် ပိတ်ပင်ခဲ့ပါသည်။ ထို့ပြင် ထိုင်းမှဝင်ရောက်လာသည့် မည်သည့်ယာဉ်ကိုမဆို ပိုးသတ်ဆေးဖြန်းပီးမှ လက်ခံရန် လမ်းညွှန်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ရောဂါထိန်းချုပ်ရေးဦးစီးဌာနအဆိုအရ တောင့်သန်းရောဂါပိုးသည် ရောဂါခံစားနေရသော တိရိစ္ဆာန်အသားများအား တိုက်ရိုက်ထိတွေ့ခြင်း၊ ခွဲစိတ်ခြင်း၊ ကျက်သည်အထိ မချက်ပြုတ်ပဲစားမိခြင်း၊ ဘက်တီးရီးယားမှုန်များအား ရှုမိခြင်းတို့မှ ကူးစက်နိုင်ကြောင်း သတိပေးထားပါသည်။ တောင့်သန်းရောဂါပိုးသည် အပူရှိန်၊ ခြောက်သွေ့ခြင်း၊ ဓာတုဗေဒပစ္စည်းများကို ခံနိုင်ရည်ရှိပြီး အစာအာဟာရ မရှိပဲလည်း နှစ်ပေါင်းများစွာ မြေကြီး၌နေနိုင်ကြောင်း၊ ရောဂါပိုးကူးစက်ခံရပါက တစ်ရက်မှ နှစ်လအတွင်း မျက်နှာ၊ လက်နှင့် လက်ဖဝါးတို့တွင် ယားယံခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ ပြည်တည်လာခြင်းစသည့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးထားပါသည်။
Source: လာအိုတိုင်းမ်စ်
Source: https://commerce.gov.mm