Local News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ကနေဒါလွတ်လပ်သောကုန်သွယ်မှုဒေသ၏ တတိယအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲအစည်းအဝေး

Last Updated:

          အာဆီယံ - ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ တတိယအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နေ့မှ ၁၄ နေ့အထိ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို မလေးရှားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာနမှ Mr. Aziz Sharkawi နှင့် ကနေဒါနိုင်ငံ၊ Global Affairs Canada for Canada မှ Ms. Shezara Ali တို့က ပူးတွဲဥက္ကဌအဖြစ် အသီးသီးဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားလှယ်များအဖြစ် ဘာသာရပ်တာဝန်ခံကိုယ်စားလှယ် (၁) ဦးနှင့် အကောက်ခွန်ဌာနမှ ကိုယ်စားလှယ် (၂) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် ပင်ရင်းနိုင်ငံစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းအခန်းများ၊ အတည်ပြု ပို့ကုန်တင်ပို့သူလက်မှတ်ရရှိသူက ကိုယ်တိုင်အတည်ပြုတင်ပို့နိုင်သည့် စနစ် (Self-Certification)၊ သီးသန့်ကုန်စည်စည်းမျဉ်း၊ ဆက်သွယ်ဆောင်ရွက်ရမည့် ကိုယ်စားလှယ်များ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊    နောင်လာမည့်အစည်းအဝေးများ   ကျင်းပ   မည့်နေရာ၊ အချိန်သတ်မှတ်ချက်များနှင့် ကနေဒါနိုင်ငံက လက်ရှိဆွေးနွေးချက်များတွင် အတည်မပြုနိုင်သေးသည့် အချက်များအား အာဆီယံနိုင်ငံများအကြား ဆွေးနွေးနိုင်ရန် အဆိုပြုချက်များ ထပ်မံပေးပို့မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

Source: https://commerce.gov.mm

Category: Local News