Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် ကျင်းပခဲ့သည့် BIMSTEC BUSINESS CONCLAVE ၏ ဆက်စပ်ဖိုရမ်များသို့ တက်ရောက်

Last Updated:

          အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် BIMSTEC Business Conclave တွင်  ဂုဏ်ထူး‌ဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် BIMSTEC Business Conclave ၏ ဒုတိယနေ့ဖြစ်သည့်  ဇွန်လ ၁၄ ရက်နေ့တွင် ကဏ္ဍအလိုက်ကျင်းပသော ဆက်စပ်ဖိုရမ်များသို့ တက်ရောက်အားပေးခဲ့ပါသည်။

          နံနက်ပိုင်းဒေသစံတော်ချိန် နံနက် (၉:၄၅) မှ (၁၂:၀၀) နာရီအထိ Hytta Regency Kolkata Hotel၊ Ballroom One ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက်စိုက်ပျိုးရေးနှင့်အစားအစာဖိုရမ်တွင် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်း၏ ဒုဥက္ကဌဒေါက်တာမျိုးလွင်နှင့် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစင်တာမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ စီးပွား‌ရေးပညာရှင် ဒေါက်တာဇော်ဦးတို့က Panelist အဖြစ် ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ Hytta Regency Kolkata Hotel၊ ၏ Guchhi ခန်းမ၌ကျင်းပသော ကျောက်မျက်ရတနာဖိုရမ်သို့တက်ရောက်ပြီး မြန်မာနိုင်ငံမှ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း၊ ဥက္ကဌ ဦးမြင့်ဟန်က Panelist အဖြစ် ဆွေးနွေးသည့် အစီအစဉ်သို့ တက်ရောက်အားပေးခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Hytta Regency Kolkata Hotel၊ Ballroom One ကျင်းပပြုလုပ်ခဲ့သည့်ဘင်းမ်စတက်အမျိုးသမီးများဖိုရမ်နှင့် Guchhi ခန်းမတွင် ကျင်းပသော ဘင်းမ်စတက်ပညာရေးဖိုရမ်တို့သို့ တက်ရောက်အားပေးခဲ့ပါသည်။ ဘင်းမ်စတက်အမျိုးသမီးများဖိုရမ်တွင် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ ဒုဥက္ကဌ၊ဒေါ်ခင်သက်မော်နှင့် ဘင်းမ်စတက်ပညာရေးဖိုရမ်တွင် မြန်မာနိုင်ငံအမျိုးသမီးစွန့်ဦးတီထွင်သူများ အသင်းဝင်၊ Streamline Training -Learning Center တည်ထောင်သူ ဒေါ်ဝင်းအိခိုင်တို့မှ Panelist အဖြစ်ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News