Local News

ပြည်တွင်းကုမ္ပဏီ ၃၅ ခုမှ ပြည်ပသို့ ဇူလိုင်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၅၈၀၀၀ ကျော် တင်ပို့ရောင်းချပေးခဲ့

Last Updated:

     ပြည်တွင်းကုမ္ပဏီ ၃၅ ခုမှ ပြည်ပသို့ ဇူလိုင်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၅၈၀၀၀ ကျော် တင်ပို့ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်သတင်းများအရ သိရသည်။ ယခုနှစ် ဇူလိုင်လတွင် ဆန်နှင့်ဆန်ကွဲများကို ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများသို့ ပြည်တွင်းကုမ္ပဏီ ၃၅ ခုမှ တင်ပို့ရောင်းချပေးခဲ့ရာ ဆန်ကို ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံ ၂၀ နှင့် ဆန်ကွဲကို ပြည်ပဖောက်သည် ဈေးကွက် ၁၁ နိုင်ငံ စုစုပေါင်း ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံ ၃၁ နိုင်ငံသို့ တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     ထိုသို့တင်ပို့ရောင်းချပေးခဲ့ရာတွင် ဆန် ၂၁၇၆၂ တန်နှင့် ဆန်ကွဲ ၃၆၅၇၂ တန် စုစုပေါင်း ဆန်နှင့်ဆန်ကွဲ ၅၈၃၃၄ တန်တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဆန်နှင့် ဆန်ကွဲများ ကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့ရောင်းချပေးခဲ့ရာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ဆန်နှင့် ဆန်ကွဲတန်ချိန် စုစုပေါင်း ၄၇၉၃၈ တန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ဆန်နှင့် ဆန်ကွဲတန်ချိန် စုစုပေါင်း ၁၀၃၉၆ တန် စုစုပေါင်း ဆန်နှင့်ဆန်ကွဲ ၅၈၃၃၄ တန် တင်ပို့ရောင်းချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ဆန်နှင့်ဆန်ကွဲများ တင်ပို့ရောင်းချပေးခဲ့ရာ၌ ဆန်အများဆုံးဝယ်ယူခဲ့သည့် နိုင်ငံ ၅ နိုင်ငံတွင် ဖိလစ်ပိုင်နိုင်ငံက ၆၇၆၅ တန်ဖြင့် အများဆုံး၊ စပိန်နိုင်ငံက တန်ချိန် ၂၀၀၀ ဖြင့် ဒုတိယအများဆုံး၊ ပိုလန်နိုင်ငံက တန်ချိန် ၁၆၅၀ ဖြင့် တတိယအများဆုံး၊ ပေါ်တူဂီနိုင်ငံက တန်ချိန် ၁၃၅၀ ဖြင့် စုတုတ္ထအများဆုံး၊ ဘူလ်ဂေးရီးယားနိုင်ငံက ၁၃၃၄ တန်ဖြင့် ပဥ္စမအများဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     ထို့အတူ ဆန်ကွဲအများဆုံးဝယ်ယူခဲ့သည့် ဖောက်သည်ဈေးကွက် နိုင်ငံ ၅ နိုင်ငံတွင် တရုတ်နိုင်ငံက ၁၈၅၄၂ တန်ဖြင့် ပထမအများဆုံး၊ ဘယ်လ်ဂျီယံနိုင်ငံက တန်ချိန် ၆၇၅၀ ဖြင့် ဒုတိယအများဆုံး၊ နယ်သာလန်နိုင်ငံက တန်ချိန် ၃၇၅၀ ဖြင့် တတိယအများဆုံး၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံက တန်ချိန် ၃၅၀၀ ဖြင့် စတုတ္ထအများဆုံး၊ ပိုလန်နိုင်ငံက ၁၆၂၅ တန်ဖြင့် ပဥ္စမအများဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News