Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နိုဝင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ  နှမ်းဖြူ၊ နှမ်းညို၊ မြေပဲလုံးဆံဖြူနှင့် ဆီဆံ ဈေးနှုန်း များ ကျဆင်းနေပြီး၊ နှမ်းနက်ဈေးနှုန်းများ ဈေးမြင့်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၉၀၀၀၀- ၉၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၅၀၀၀-၁၀၆၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၁၀၄၀၀၀) ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်း လျှင် (၉၀၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၅၀၀၀-၁၁၀၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ် ရှိနေကြောင်း သိရသည်။

ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀-၆၀၀၀) ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၅၅၀၀) ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၁၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၈၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၁၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ပဲဖတ် တစ်ပိဿာ(နယ်- ၂၅၂၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၃၂၅ ) ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၇၅၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Source: စစ်ကိုင်းတိုင်း‌ဒေသကြီးဦးစီးမှူးရုံး

Category: Local News