Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နိုဝင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော  ပဲတီစိမ်းသေး၊ ပုဂံပဲ ဈေးငြိမ်၍ ပဲကြီး၊ မတ်ပဲ ဈေးမြင့်တက်နေပြီး၊ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲတီစိမ်းကြီး၊ Cp ပြောင်းဖူးစေ့၊ ကုလားပဲ ထိုင်ဝမ် ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ကုဖြူလုံးကြီ ၊ ကုဖြူလုံးသေးနှင့် ကုလားပဲ 929 ဈေးနှုန်းများ ကျဆင်းနေကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၃၇၀၀၀)ကျပ်၊ မတ်ပဲ (၉၀၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၈၀၀၀-၄၅၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၃၀၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၈၆၅၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၈၈၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၄၀၀၀) ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၄၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၄၀၀၀)ကျပ်၊ ပဲကြီး (၁၃၀၀၀၀)ကျပ်၊ မတ်ပဲ (၈၉၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၅၁၀၀၀-၅၀၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀-၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၅၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၉၅၀၀)ကျပ်၊ ကုလားဖြူ လုံးကြီး (၈၈၅၀၀-၈၈၀၀၀) ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၉၀၅၀၀) ကျပ်၊ ကုလားပဲ 929 (၈၇၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၇၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်း (၇၀၀၀) ကျပ်၊ မတ်ပဲ တစ်တင်း (၁၅၀၀) ကျပ်  မြင့်တက်နေပြီး၊ ဂျုံဖြူသန့် တစ်တင်း (၂၀၀၀) ကျပ်၊ ဂျုံထွက်တိုး တစ်တင်း (၂၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်း (၃၀၀၀)  ကျပ်း၊  ပဲနီလုံးကြား တစ်တင်း (၁၅၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး   တစ်တင်း (၂၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၅၀၀) ကျပ်၊ ကုဖြူလုံးကြီ တစ်တင်း (၂၀၀၀) ကျပ်၊ကုဖြူလုံးသေး တစ်တင်း (၂၅၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်း (၃၀၀၀)ကျပ် ၊ ကုလားပဲ ထိုင်ဝမ် (၂၀၀၀) ကျပ်  အသီးသီးဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။

Source: စစ်ကိုင်း‌တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News