International News

တရုတ်နိုင်ငံသို့ မလေးရှားစားအုန်းဆီတင်ပို့မှု ရင်းဂစ် ၁၄ ဘီလီယံ ကျော်လွန်နိုင်ဖွယ်ရှိ

Last Updated:

မ‌လေးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတိုးမြှင့်နိုင်ရန် မျှော်မှန်းဆောင်ရွက် လျက်ရှိရာ ယခုနှစ်အတွင်း စားအုန်းဆီပို့ကုန်တန်ဖိုး မလေးရှားရင်းဂစ် ၁၄ ဘီလီယံကျော်အထိ တင်ပို့နိုင်မည်ဟု မလေးရှား ဒုတိယဝန်ကြီးချုပ် Datuk Seri Fadillah Yusof က ပြောကြားခဲ့ပါသည်။

မလေးရှားနှင့် တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု အားကောင်းစေရေးနှင့် အဓိကအားဖြင့် စားအုန်းဆီကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် တရုတ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ သွား ရောက်‌ရန် စီစဉ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ယခင်နှစ် စားအုန်းဆီတင်ပို့မှု တန်ဖိုးမှာ မ‌လေးရှားရင်းဂစ် ၁၄ ဘီလီယံရှိခဲ့ရာမှ ယခုနှစ်အတွင်း တင်ပို့မှုတန်ဖိုး တိုးတက်မည်ဟု မျှော်မှန်း ထားပါကြောင်းဖြင့် ၇-၁၁-၂၀၂၃ နေ့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ငရုတ်ကောင်းအဖွဲ့၏ ၅၁ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် Fadillah က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၌ တရုတ်နိုင်ငံသို့ မ‌လေးရှားနိုင်ငံ၏ စားအုန်းဆီ တန်ချိန် ၃.၁၄ သန်း တင်ပို့ခဲ့ပြီး စားအုန်းဆီအခြေခံထုတ်ကုန်များ တင်ပို့မှုအပါအဝင် တန်ဖိုးအားဖြင့် ရင်းဂစ် ၁၄.၈၆ ဘီလီယံ ရှိ ကြောင်း၊ တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံအတွက် စားအုန်းဆီတင်ပို့မှု  ဒုတိယအများဆုံး ဈေးကွက်ဖြစ်ပြီး ယခင်နှစ် ပြည်ပသို့ စားအုန်းဆီတင်ပို့မှု စုစုပေါင်းတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၁၁.၂% ပါဝင်ကြောင်း သိရှိရပါသည်။

Source: The Star Online, 7 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန် များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News