မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ(၉-၁၂-၂၀၂၃)ရက်နေ့မှ (၁၁-၁၂-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ငါးဖမ်းပိုက်၊ ပုလင်းကွဲ၊ရေထွက်ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ (၉-၁၂-၂၀၂၃) ရက်နေ့မှ (၁၁-၁၂-၂၀၂၃) ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။
ယခုအခါ ထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
(၂-၁၂-၂၀၂၃ မှ ၈-၁၂-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ချည်ထည်များ (၀.၈၆၉) ဒေါ်လာသန်း၊ လုပ်ငန်းသုံးသီးနှံဆီများ (၀.၁၅၃)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၁၃၉) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၁၂၅) ဒေါ်လာသန်း၊ အခြားစက္ကူများ(၀.၀၈၇) ဒေါ်လာသန်း၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၈၄) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်းများ (၀.၀၇၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၄၉) ဒေါ်လာသန်း၊ ရုပ်မြင်သံကြားစက်များ (၀.၀၄၈) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၀၄၀) ဒေါ်လာသန်း တို့ဖြစ်ပါသည်။
ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်ကတစ်ဘတ်လျှင်(၉၆.၆၂)ကျပ်ရှိပြီးယခုအပတ်တွင်(၉၇.၅၆)ကျပ် ဖြစ်ပါသဖြင့် ဘတ်စျေး မြင့်တက်လျက်ရှိပါသည်။
(၂-၁၂-၂၀၂၃ မှ ၈-၁၂-၂၀၂၃) ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာဂေါ်ဖီထုပ်(၁)တန်လျှင် (၂၁၀.၂၆၉) ဒေါ်လာဖြင့်(၈၁၈.၀၀၀) တန်၊ (၀.၁၇၂) ဒေါ်လာသန်း၊ ချုပ်ပြီးအထည်(၂၀၉၁)U (၀.၀၆၅) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁)တန်လျှင် (၃၇၈.၂၈၉)ဒေါ်လာဖြင့် (၇၁.၃၇၄)တန် (၀.၀၂၇) ဒေါ်လာသန်း၊ ငရုတ်(ခြောက်) ၁တန်လျှင် (၁၅၁၅.၁၅၂) ဒေါ်လာဖြင့် (၁၅.၈၄၀) တန်လျှင် (၀.၀၂၄)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁) တန်လျှင် (၇၅၀) ဒေါ်လာဖြင့် (၁၆.၀၀၀) တန် (၀.၀၁၂) ဒေါ်လာသန်း၊ ငါးမျိုးစုံ (၁) တန်လျှင် (၁၀၄၁.၆၆၇) ဒေါ်လာဖြင့် (၂.၈၈) တန် (၀.၀၀၃) ဒေါ်လာသန်း၊ ကဏန်း (၁) တန်လျှင် (၈၃.၃၃၃) ဒေါ်လာဖြင့် (၀.၁၂၀) တန် (၀.၀၀၀၀၁) ဒေါ်လာသန်းတို့ဖြစ်ပါသည်။
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၇၀၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၅.၇၆၄) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၆.၅၄၉) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
Source: https://commerce.gov.mm
 
                         
                         
                        